ျမန္မာ့ၿငိမ္းခ်မ္းေရးျဖစ္စဥ္အတြက္ အခိုင္အမာ ေထာက္ခံမယ္လို႔ တ႐ုတ္ႏို္င္ငံ ေျပာ (႐ုပ္/သံ)

0
905

ျမန္မာ့ၿငိမ္းခ်မ္းေရး ျဖစ္စဥ္အတြက္ အခိုင္အမာ ေထာက္ခံအားေပးမယ္လို႔ တ႐ုတ္ႏိုင္ငံက ေျပာ ၾကားလိုက္ပါတယ္ ။ ဒီအေၾကာင္းကို MCN သတင္းေထာက္ သဥၨာက တင္ဆက္ထားပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD အစိုးရလက္ထက္ တစ္နိုင္ငံလံုးအပစ္အခက္ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA)မွာ ပထမဆံုး တိုင္းရင္းသားလက္နက္ကုိင္အဖြဲ႔ ၂ ဖြဲ႔က လက္မွတ္ေရးထိုးလိုက္ပါတယ္။ မြန္ျပည္သစ္ပါတီ (NMSP) နဲ႔ လားဟူဒီမိုကရက္တစ္ အစည္းအ႐ုံး (LDU) တို႔ ဟာ ေဖဖ၀ါရီလ ၁၃ ရက္ေန႔က ေနျပည္ေတာ္မွာ NCA စာခ်ဳပ္ကိုလက္မွတ္ေရးထိုးလိုက္တာျဖစ္ျပီး ဒီအခမ္းအနားကို တ႐ုတ္ႏိုင္ငံက သက္ေသအျဖစ္ တက္ေရာက္လက္မွတ္ထိုးခဲ႔တာပါ ။

တစ္ႏိုင္ငံလုံး အပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးပြဲကို တ႐ုတ္အစိုးရက အာ႐ံုစိုက္မႈ အျပည့္အဝရွိျပီး ျမန္မာ့ၿငိမ္းခ်မ္းေရးျဖစ္စဥ္အတြက္ အခိုင္အမာေထာက္ခံအားေပးမယ္လို႔ သက္ေသအျဖစ္ တက္ေရာက္လာတဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ အာရွေရးရာ အထူးကိုယ္စားလွယ္ ဆြန္ ေဂါင္က်င္းက ေျပာပါတယ္။

အခုလို NCA လက္မွတ္ေရးထိုးနိုင္ဖို႔အတြက္ မြန္ျပည္သစ္ပါတီ (NMSP) နဲ႔ လားဟူဒီမိုကရက္တစ္ အစည္းအ႐ုံး (LDU) တို႔ဟာ (NCA) လက္မွတ္ေရးထိုးဖို႔ ၁၈ လအတြင္းမွာ အလြတ္သေဘာ ေဆြးေႏြးမႈေပါင္း ၉ ႀကိမ္နဲ႔ တရားဝင္ေဆြးေႏြးမႈေပါင္း ၉ ႀကိမ္ စုစုေပါင္း ၁၈ ႀကိမ္ျပဴလုပ္ခဲ႔ရတာျဖစ္ပါတယ္။

ဦးသိန္းစိန္ အစိုးရလက္ထက္မွာ အစိုးရနဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းေတြနဲ႔ ျငိမ္းခ်မ္းေရးရရွိဖို႔ စတင္လုပ္ေဆာင္ခဲ႔ျပီး အရင္အစိုးရလက္ထက္မွာ တစ္ႏိုင္ငံလုံး အပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ကိုတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ ၈ ဖြဲ႔လက္မွတ္ေရးထိုးထားပါတယ္။ အခုအစိုးရအေနနဲ႔ ဒီနွစ္ထဲမွာ ေနာက္ထပ္ လက္မွတ္ေရးထိုးမယ္႔ လက္နက္ကိုင္အဖြဲ႔အစည္းေတြရွိေနေသးေၾကာင္း အစိုးရတာ၀န္ရွိ သူေတြက ေျပာပါတယ္ရွင္ ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အခိုင်အမာ ထောက်ခံအားပေးမယ်လို့ တရုတ်နိုင်ငံက ပြော ကြားလိုက်ပါတယ် ။ ဒီအကြောင်းကို MCN သတင်းထောက် သဉ္ဇာက တင်ဆက်ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် တစ်နိုင်ငံလုံးအပစ်အခက်ရပ်စဲရေး သဘောတူစာချုပ် (NCA)မှာ ပထမဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ဟာ ဖေဖဝါရီလ ၁၃ ရက်နေ့က နေပြည်တော်မှာ NCA စာချုပ်ကိုလက်မှတ်ရေးထိုးလိုက်တာဖြစ်ပြီး ဒီအခမ်းအနားကို တရုတ်နိုင်ငံက သက်သေအဖြစ် တက်ရောက်လက်မှတ်ထိုးခဲ့တာပါ ။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပွဲကို တရုတ်အစိုးရက အာရုံစိုက်မှု အပြည့်အဝရှိပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အခိုင်အမာထောက်ခံအားပေးမယ်လို့ သက်သေအဖြစ် တက်ရောက်လာတဲ့ တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန် ဂေါင်ကျင်းက ပြောပါတယ်။

အခုလို NCA လက်မှတ်ရေးထိုးနိုင်ဖို့အတွက် မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ဟာ (NCA) လက်မှတ်ရေးထိုးဖို့ ၁၈ လအတွင်းမှာ အလွတ်သဘော ဆွေးနွေးမှုပေါင်း ၉ ကြိမ်နဲ့ တရားဝင်ဆွေးနွေးမှုပေါင်း ၉ ကြိမ် စုစုပေါင်း ၁၈ ကြိမ်ပြူလုပ်ခဲ့ရတာဖြစ်ပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက်မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ စတင်လုပ်ဆောင်ခဲ့ပြီး အရင်အစိုးရလက်ထက်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့လက်မှတ်ရေးထိုးထားပါတယ်။ အခုအစိုးရအနေနဲ့ ဒီနှစ်ထဲမှာ နောက်ထပ် လက်မှတ်ရေးထိုးမယ့် လက်နက်ကိုင်အဖွဲ့အစည်းတွေရှိနေသေးကြောင်း အစိုးရတာဝန်ရှိ သူတွေက ပြောပါတယ်ရှင် ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)