
0
974




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငွေကျပ် ၅၀ ယူသုံးတဲ့သားကို မီးပူနဲ့ ကပ်တဲ့ မိခင်ကို အရေးယူ

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်မှာ ငွေကျပ် ၅၀ ကို မသိအောင် ယူသုံးတဲ့ သားဖြစ်သူကို မိခင်က မီးပူနဲ့ ထိုးကပ်မှု ဖြစ်ပွားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အိဖြူဝင့် (၁၉ နှစ်) က သားဖြစ်သူ ပိုင်ဟိန်းခန့် (၁၁ နှစ်) ကို ငွေကျပ် ၅၀ ယူသုံးမှုကြောင့် စိတ်ဆိုးပြီး မီးပူးနဲ့ ခန္ဓာကိုယ်ကို ထိုးကပ်ခဲ့တဲ့အတွက် ဝဲဘက်ပါး၊ ဝဲဘက်နဲ့ ယာဘက် လက်မောင်းနဲ့ ခြေသလုံး၊ လက်ဖျံ၊ ကျောကုန်းတို့မှာ မီးပူဒဏ်ရာတွေ ရရှိခဲ့တဲ့အတွက် မြောက်ဥက္ကလာဆေးရုံကို တင်ပို့ ကုသခဲ့ရပါယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အိဖြူဝင့်ကို မင်္ဂလာဒုံ မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၆ နဲ့ အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)