ထိုင္းကေရႊေျမြေဟာက္ စစ္ဆင္ေရး ျမန္မာတက္ေရာက္တဲ႔ အတြက္ ေ၀ဖန္မႈျမင့္တက္ (႐ုပ္/သံ)

0
1028

ထိုင္းနိုင္ငံမွာျပဳလုပ္သြားတဲ႔ ေရႊေျမြေဟာက္ စစ္ေရးေလက်င့္မႈဖြင့္ပြဲကို ျမန္မာနိုင္ငံက တက္ေရာက္ခဲ႔တဲ႔အတြက္ အတြက္ ေ၀ဖန္မႈေတြျမင့္တက္ေနပါတယ္ ။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြး ကတင္ဆက္ထားပါတယ္ ။

အေမရိကန္ လႊတ္ေတာ္အမတ္ေတြဟာ ရခိုင္အေရးနဲ႔ပါတ္သက္လို႔ ျမန္မာစစ္တပ္ကို လူ႔အခြင့္အေရးခ်ိဳးေဖာက္တာေတြ ရွိေနတယ္လို႔ စြတ္စြဲထားျပီး စစ္တပ္ ထိပ္ပိုင္းေခါင္းေဆာင္ေတြကို ပိတ္ဆို႔အေရးယူတာေတြ ျပဳလုပ္ထားတာပါ ။

ဒီလိုပိတ္ဆိုမူေတြ အျပင္ ထိုင္းနိုင္ငံမွာနွစ္စဥ္ျပဳလုပ္တဲ႔ အေမရီကန္နိုင္ငံနဲ႔ ထိုင္းနိုင္ငံတို႕႕႕႔ပူးတြဲျပဳလုပ္တဲ႔ ေရႊေျမြေဟာက္ စစ္ေရးေလက်င့္မႈမွာ ျမန္မာႏုိင္ငံကို မဖိတ္ၾကားဖို႔ ၿပီးခဲတဲ့ သီတင္းပတ္မွာ ေတာင္းဆုိခဲ့ပါတယ္။

ဒါေပမယ္႔လည္း ေရႊေျမြေဟာက္ (Cobra Gold) စစ္ေရးေလက်င့္မႈ ဖြင့္ပြဲအခမ္းနားမွာ ျမန္မာႏုိင္ငံပါဝင္တက္ေရာက္ခဲ႔တာေၾကာင့္ ေဝဖန္ခံရမႈေတြ ရွိေနတာျဖစ္ပါတယ္ ။

ထုိင္းႏုိင္ငံဆုိင္ရာ အေမရိကန္ သံအမတ္ႀကီး ဂလင္း ဒါဗီစ္ကေတာ႔ ထုိင္းႏုိင္ငံအေရွ႕ဘက္ပိုင္းမွာ က်င္းပမယ့္ ေရႊေျမြေဟာက္ စစ္ေရးေလက်င့္မႈမွာ ျမန္မာႏုိင္ငံပါဝင္မႈ မရွိဘူးလို႔ေျပာဆိုထားပါတယ္ ။

အခုလို႔အေမရီကန္ဘက္က ျမန္မာမပါ၀င္ဘူးလို႔ေျပာဆိုထားေပမယ္႔ ထုိင္း ဗိုလ္ခ်ဳပ္ႀကီး သန္ခ်ိဳင္ယန္ ဆရီဆူဝမ္ ကေတာ့ စစ္ေရးေလက်င့္မႈ ဖြင့္ပြဲအခမ္းနားမွာ ျမန္မာႏုိင္ငံကို ေလ့လာသူအျဖစ္ ဖိတ္ၾကားခဲ့တယ္လို႔ ေျပာဆုိထားတာပါ ။

ဒီစစ္ဆင္ေရးေလ့က်င္႔မႈဟာ အေရွ႕ေတာင္အာရွရဲ႕ ႏွစ္စဥ္ အႀကီးမားဆံုး စစ္ေရးေလက်င့္မႈ ျဖစ္ျပီး ဒီစစ္ေရးေလက်င့္မႈကို ႏုိင္ငံေပါင္း ၂၉ ႏိုင္ငံက တပ္ဖြဲ႔ဝင္ ၁၁၀၇၅ ဦး ပါဝင္ ေလက်င့္သြားမွာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းနိုင်ငံမှာပြုလုပ်သွားတဲ့ ရွှေမြွေဟောက် စစ်ရေးလေကျင့်မှုဖွင့်ပွဲကို မြန်မာနိုင်ငံက တက်ရောက်ခဲ့တဲ့အတွက် အတွက် ဝေဖန်မှုတွေမြင့်တက်နေပါတယ် ။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေး ကတင်ဆက်ထားပါတယ် ။

အမေရိကန် လွှတ်တော်အမတ်တွေဟာ ရခိုင်အရေးနဲ့ပါတ်သက်လို့ မြန်မာစစ်တပ်ကို လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိနေတယ်လို့ စွတ်စွဲထားပြီး စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူတာတွေ ပြုလုပ်ထားတာပါ ။

ဒီလိုပိတ်ဆိုမူတွေ အပြင် ထိုင်းနိုင်ငံမှာနှစ်စဉ်ပြုလုပ်တဲ့ အမေရီကန်နိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ပူးတွဲပြုလုပ်တဲ့ ရွှေမြွေဟောက် စစ်ရေးလေကျင့်မှုမှာ မြန်မာနိုင်ငံကို မဖိတ်ကြားဖို့ ပြီးခဲတဲ့ သီတင်းပတ်မှာ တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း ရွှေမြွေဟောက် (Cobra Gold) စစ်ရေးလေကျင့်မှု ဖွင့်ပွဲအခမ်းနားမှာ မြန်မာနိုင်ငံပါဝင်တက်ရောက်ခဲ့တာကြောင့် ဝေဖန်ခံရမှုတွေ ရှိနေတာဖြစ်ပါတယ် ။

ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဂလင်း ဒါဗီစ်ကတော့ ထိုင်းနိုင်ငံအရှေ့ဘက်ပိုင်းမှာ ကျင်းပမယ့် ရွှေမြွေဟောက် စစ်ရေးလေကျင့်မှုမှာ မြန်မာနိုင်ငံပါဝင်မှု မရှိဘူးလို့ပြောဆိုထားပါတယ် ။

အခုလို့အမေရီကန်ဘက်က မြန်မာမပါဝင်ဘူးလို့ပြောဆိုထားပေမယ့် ထိုင်း ဗိုလ်ချုပ်ကြီး သန်ချိုင်ယန် ဆရီဆူဝမ် ကတော့ စစ်ရေးလေကျင့်မှု ဖွင့်ပွဲအခမ်းနားမှာ မြန်မာနိုင်ငံကို လေ့လာသူအဖြစ် ဖိတ်ကြားခဲ့တယ်လို့ ပြောဆိုထားတာပါ ။

ဒီစစ်ဆင်ရေးလေ့ကျင့်မှုဟာ အရှေ့တောင်အာရှရဲ့ နှစ်စဉ် အကြီးမားဆုံး စစ်ရေးလေကျင့်မှု ဖြစ်ပြီး ဒီစစ်ရေးလေကျင့်မှုကို နိုင်ငံပေါင်း ၂၉ နိုင်ငံက တပ်ဖွဲ့ဝင် ၁၁၀၇၅ ဦး ပါဝင် လေကျင့်သွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)