အင္းဒင္ကိစၥထုတ္ေဖာ္မႈဟာ တုိင္းျပည္ရဲ႕ တရားဥပေဒစိုးမိုးေရးကို အေထာက္အကူျဖစ္ခဲ့တယ္လို႔ ကို၀လံုး ဆို (႐ုပ္/သံ)

0
900

႐ိုက္တာသတင္းဌာနရဲ႕ အင္းဒင္ကိစၥ ထုတ္ေဖာ္မႈ တိုင္းျပည္ရဲ႕ တရားဥပေဒစိုးမိုးေရးကို အေထာက္အကူျဖစ္ခဲ့တယ္လို႔ ဖမ္းဆီးခံထားရတဲ့ သတင္းေထာက္ ကို၀လံုးက ေျပာၾကားလိုက္ပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ ေနမင္းခ က ေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံအစိုးရ လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒနဲ႔ ဖမ္းဆီးခံထားရတဲ့ ႐ိုက္တာသတင္းေထာက္ ကိုဝလံုးနဲ႔ ကိုေက်ာ္စိုးဦးတို႕ကို ရန္ကုန္တိုင္း၊ အင္းစိန္တရား႐ံုးမွာ ဒီကေန႔ ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔က ၆ ႀကိမ္ေျမာက္ ရံုးထုတ္စစ္ေဆးအၿပီး သတင္းေထာက္ေတြကို ကို၀လုံးက အခုလို ေျပာၾကားခဲ့တာပါ။

အင္တာဗ်ဴး ကို၀လံုး (သတင္းေထာက္)
႐ိုက္တာသတင္းဌာန

ဒါ့အျပင္ လက္ရွိ ၀န္းရံေထာက္ခံေနတဲ့ ျပည္တြင္းျပည္ပက သတင္းမီဒီယာသမားေတြရဲ႕ ခြန္အားေတြနဲ႕ ဆက္လက္ရပ္တည္ၿပီး တရားရင္ဆိုင္ေနတယ္လို႕ ရံုးထုတ္မွာ ကို၀လံုးကေျပာပါတယ္။
ဒီကေန႔ ႐ုံးထုတ္မွာ လာေရာက္ထြက္ဆုိခဲ့တဲ့ တရားလိုသက္ေသဟာ ဖမ္းဆီးတုန္းက ပါ၀င္ခဲ့ျခင္းမရွိေပမယ့္ သူကိုယ္တိုင္ပါ၀င္တယ္လို႔ တရား႐ုံးမွာထြက္ဆိုသြားေၾကာင္း ေနာက္ထပ္ဖမ္းဆီခံ သတင္းေထာက္ ကိုေက်ာ္စိုးဦးက ေျပာပါတယ္။

အင္တာဗ်ဴး ကိုေက်ာ္စိုးဦး (သတင္းေထာက္)
႐ိုက္တာသတင္းဌာန

႐ိုက္တာ သတင္းေထာက္ ႏွစ္ဦးကို ဖမ္းဆီးတာ သတင္းလိုက္တဲ့ကိစၥေၾကာင့္ မဟုတ္ဘဲ အစိုးရ လွ်ိဳ႕ဝွက္စာရြက္စာတမ္းေတြကို တရားမဝင္ ပိုင္ဆိုင္မႈနဲ႔ စြပ္စြဲဖမ္းဆီးတာ ျဖစ္တယ္လို႔ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ေဟာက္ဒိုဆြမ္းက မေန႔က ကုလသမဂၢ လံုၿခံဳေရးေကာင္စီ အစည္းအေဝးမွာ ေျပာၾကားခဲ့ပါတယ္။ သတင္းေထာက္ ကို၀လုံးနဲ႔ ကိုေက်ာ္စိုးဦးတို႔ ၂ဦးကို ျမန္မာႏိုင္ငံ အစိုးရလွ်ိဳ႕၀ွက္ခ်က္ အက္ဥပေဒနဲ႔ ဒီဇင္ဘာလ ၁၂ ရက္ေန႔က ညပိုင္းမွာ ေထာက္ၾကံ႕ရဲစခန္းက ဖမ္းဆီးခဲ့တာျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရိုက်တာသတင်းဌာနရဲ့ အင်းဒင်ကိစ္စ ထုတ်ဖော်မှု တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးရေးကို အထောက်အကူဖြစ်ခဲ့တယ်လို့ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ကိုဝလုံးက ပြောကြားလိုက်ပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် နေမင်းခ က ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ရန်ကုန်တိုင်း၊ အင်းစိန်တရားရုံးမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ၆ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးအပြီး သတင်းထောက်တွေကို ကိုဝလုံးက အခုလို ပြောကြားခဲ့တာပါ။

အင်တာဗျူး ကိုဝလုံး (သတင်းထောက်)
ရိုက်တာသတင်းဌာန

ဒါ့အပြင် လက်ရှိ ဝန်းရံထောက်ခံနေတဲ့ ပြည်တွင်းပြည်ပက သတင်းမီဒီယာသမားတွေရဲ့ ခွန်အားတွေနဲ့ ဆက်လက်ရပ်တည်ပြီး တရားရင်ဆိုင်နေတယ်လို့ ရုံးထုတ်မှာ ကိုဝလုံးကပြောပါတယ်။
ဒီကနေ့ ရုံးထုတ်မှာ လာရောက်ထွက်ဆိုခဲ့တဲ့ တရားလိုသက်သေဟာ ဖမ်းဆီးတုန်းက ပါဝင်ခဲ့ခြင်းမရှိပေမယ့် သူကိုယ်တိုင်ပါဝင်တယ်လို့ တရားရုံးမှာထွက်ဆိုသွားကြောင်း နောက်ထပ်ဖမ်းဆီခံ သတင်းထောက် ကိုကျော်စိုးဦးက ပြောပါတယ်။

အင်တာဗျူး ကိုကျော်စိုးဦး (သတင်းထောက်)
ရိုက်တာသတင်းဌာန

ရိုက်တာ သတင်းထောက် နှစ်ဦးကို ဖမ်းဆီးတာ သတင်းလိုက်တဲ့ကိစ္စကြောင့် မဟုတ်ဘဲ အစိုးရ လျှို့ဝှက်စာရွက်စာတမ်းတွေကို တရားမဝင် ပိုင်ဆိုင်မှုနဲ့ စွပ်စွဲဖမ်းဆီးတာ ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက မနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ဦးကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ညပိုင်းမှာ ထောက်ကြံ့ရဲစခန်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)