
0
311



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းနိုင်ငံကြက်ခြေနီ အသင်း ကိုယ်စားလှယ်တွေ မြောက်ဦးမြို့ကို လာရောက်လေ့လာ

ရခိုင်ရှေးဟောင်းယဉ်ကျေးမှု ဘုရား စေတီပုထိုးတွေ၊ ရခိုင်ယဉ်ကျေးမှု အမွေအနှစ် လက်ရာတွေနဲ့ သဘာဝ အလှရှုခင်းတွေ လေ့လာဖို့ ထိုင်းနိုင်ငံ ကြက်ခြေနီအသင်းက ကိုယ်စားလှယ်တွေ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ ဒီကနေ့မှာ မြောက်ဦးမြို့ကို လာရောက်လေ့လာခဲ့ပါတယ်။

အခုလို လာရောက်လေ့လာတာဟာ ရခိုင်ရှေးဟောင်း ယဉ်ကျေးမှု တွေဖြစ်တဲ့ သျှစ်သောင်း ပုထိုးတော်ကြီး၊ အံတော်သိမ် ပုထိုးတော်ကြီး၊ ကိုးသောင်း ပုထိုးတော်ကြီး၊ ထုက္ကန့်သိမ် ပုထိုးတော်ကြီး၊ လောကမာရ်အောင် စေတီ၊ ရတနာ့မာရ်အောင်စေတီ၊ မင်္ဂလာမာရ်အောင် စေတီ၊ သက္ကျမာရ်အောင် စေတီ၊ ဇိနမာရ်အောင် စေတီတွေနဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့တွေကို လေ့လာဖို့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)