ေရွးေဟာင္းပစၥည္း တရားမဝင္ေရာင္းဝယ္မႈမွာ ျမန္မာ အျမင့္ဆံုးအဆင့္ ေရာက္ေန (႐ုပ္/သံ)

0
1208

ျမန္မာႏုိင္ငံဟာ ေရွးေဟာင္း၀တၳဳပစၥည္းေတြ တရားမ၀င္ေရာင္း၀ယ္မႈ အျမင့္ဆုံး အေျခအေနမွာေရာက္ရွိေန တယ္လို႔ ယူနက္စကုိ (UNESCO)  က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေကသြယ္က ေပးပို႔ထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ ျပဌာန္းခဲ့တဲ့ ေရွးေဟာင္း၀တၳဳပစၥည္းမ်ားကာကြယ္ထိန္းသိမ္းေရးဥပေဒအရ ႏွစ္ေပါင္း ၁၀၀ နဲ႔အထက္ သက္တမ္းရွိတဲ့ပစၥည္းတုိင္းကုိ ေရွးေဟာင္းပစၥည္းအျဖစ္သတ္မွတ္ခဲ့တာပါ။

အဲဒီလိုသတ္မွတ္ျပဌာန္းထားခဲ့ေပမယ့္ ဥပေဒ၊ နည္းဥပေဒကုိ လိုက္နာေဆာင္ရြက္ျခင္းမရွိဘဲ  ထုိင္းႏိုင္ငံနဲ႔ တရုတ္ႏိုင္ငံေတြရဲ႕ နယ္စပ္ကေန ေရွးေဟာင္းပစၥည္းေတြကုိ ျပည္ပကို တရားမ၀င္ တင္ပုိ႔ေရာင္းခ်မႈေတြ အမ်ားအျပား ရွိေနေသးတာျဖစ္ပါတယ္။

သာသနာေရးႏွင့္ယဥ္ေက်းမႈ၀န္ႀကီးဌာနကဦးေဆာင္ၿပီး အမ်ဳိးသားျပတုိက္မွာ ၃ ရက္ၾကာ က်ငး္ပျပဳလုပ္ေနတဲ့ ေရွးေဟာင္း၀တၳဳပစၥည္းမ်ား တရားမ၀င္ေရာင္း၀ယ္ေဖာက္ကားမႈ တားဆီးေရးဆုိင္ရာေဆြးေႏြးပြဲမွာ အခုလိုေျပာ ဆုိခဲ့တာပါ။

Sound Bite  –  ေဒၚဥမၼာမ်ဳိး (Program Officer) ကုလသမဂၢ ပညာေရး၊သိပၸံႏွင့္ယဥ္ေက်းမႈဆုိင္ရာအဖြဲ႕အစည္း

ေရွးေဟာင္းပစၥည္းေတြကုိ ျမန္မာႏိုင္ငံအလယ္ပုိင္းနဲ႔ ေတာင္ပုိင္း တနသာၤရီေဒသႀကီး ေျမေပၚ ေျမေအာက္ ေတြမွာ အမ်ားအျပားရွိေနတာပါ။ ဒါ့အျပင္ ေ၀းလံေခါင္ဖ်ားတဲ့ ေက်းလက္ေဒသေတြမွာ ဘုရား ပုထုိးေတြက ဗုဒၶဆင္းတုေတာ္ရဲ႕ ေရွးေဟာင္းလက္ရာေတြကုိ ခုိးယူေရာင္း ခ်ခံရမႈေတြရွိေနေသးတာျဖစ္ပါတယ္။ အဲဒီလို အေျခအေနေတြကုိ ကာကြယ္တားဆီးနုိင္ဖို႔  အသိပညာေပးေဆြးေႏြးပြဲေတြကို သက္ဆုိင္ရာ က႑ေတြ အလိုက္ လုပ္ေဆာင္သြားဖို႔ရွိေနပါတယ္ ။

Sound Bite  –   ဦးေက်ာ္လြင္ဦး (ညႊန္ၾကားေရးမႈးခ်ဳပ္) ေရွးေဟာင္းသုေတသနႏွင့္ အမ်ဳိးသားျပတုိက္ဦးစီးဌာန

အဲဒီေဆြးေႏြးပြဲမွာေတာ့ ေရွးေဟာင္း၀တၳဳပစၥည္းမ်ားကာကြယ္ထိန္းသိမ္းေရး နည္းဥပေဒမွာပါ၀င္တဲ့ အခ်က္အလက္မွာ ထည့္သြင္းလုပ္ေဆာင္သင့္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြကုိ သာသနာေရးနဲ႔ ယဥ္ေက်းမႈ ၀န္ႀကီးဌာန၊ ေရွးေဟာင္းသုေတသနနဲ႔ အမ်ဳိးသားျပတုိက္ဦးစီးဌာန၊ UNESCO  အပါအ၀င္  အေကာက္ အခြန္ဦးစီးဌာန၊ စီးပြားေရးနဲ႕ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာနနဲ႔ ဟုိတယ္နဲ႔ခရီးသြားစတဲ့အရပ္ဖက္အဖြဲ႕ အစည္းေတြလည္း ပါ၀င္ေဆြးေႏြးခဲ့တာျဖစ္ပါတယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံဟာ ရှေးဟောင်းဝတ္ထုပစ္စည်းတွေ တရားမဝင်ရောင်းဝယ်မှု အမြင့်ဆုံး အခြေအနေမှာရောက်ရှိနေ တယ်လို့ ယူနက်စကို (UNESCO) က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကေသွယ်က ပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ပြဌာန်းခဲ့တဲ့ ရှေးဟောင်းဝတ္ထုပစ္စည်းများကာကွယ်ထိန်းသိမ်းရေးဥပဒေအရ နှစ်ပေါင်း ၁၀ဝ နဲ့အထက် သက်တမ်းရှိတဲ့ပစ္စည်းတိုင်းကို ရှေးဟောင်းပစ္စည်းအဖြစ်သတ်မှတ်ခဲ့တာပါ။

အဲဒီလိုသတ်မှတ်ပြဌာန်းထားခဲ့ပေမယ့် ဥပဒေ၊ နည်းဥပဒေကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတွေရဲ့ နယ်စပ်ကနေ ရှေးဟောင်းပစ္စည်းတွေကို ပြည်ပကို တရားမဝင် တင်ပို့ရောင်းချမှုတွေ အများအပြား ရှိနေသေးတာဖြစ်ပါတယ်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကဦးဆောင်ပြီး အမျိုးသားပြတိုက်မှာ ၃ ရက်ကြာ ကျငး်ပပြုလုပ်နေတဲ့ ရှေးဟောင်းဝတ္ထုပစ္စည်းများ တရားမဝင်ရောင်းဝယ်ဖောက်ကားမှု တားဆီးရေးဆိုင်ရာဆွေးနွေးပွဲမှာ အခုလိုပြော ဆိုခဲ့တာပါ။

Sound Bite – ဒေါ်ဥမ္မာမျိုး (Program Officer) ကုလသမဂ္ဂ ပညာရေး၊သိပ္ပံနှင့်ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း

ရှေးဟောင်းပစ္စည်းတွေကို မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်း တနင်္သာရီဒေသကြီး မြေပေါ် မြေအောက် တွေမှာ အများအပြားရှိနေတာပါ။ ဒါ့အပြင် ဝေးလံခေါင်ဖျားတဲ့ ကျေးလက်ဒေသတွေမှာ ဘုရား ပုထိုးတွေက ဗုဒ္ဓဆင်းတုတော်ရဲ့ ရှေးဟောင်းလက်ရာတွေကို ခိုးယူရောင်း ချခံရမှုတွေရှိနေသေးတာဖြစ်ပါတယ်။ အဲဒီလို အခြေအနေတွေကို ကာကွယ်တားဆီးနိုင်ဖို့ အသိပညာပေးဆွေးနွေးပွဲတွေကို သက်ဆိုင်ရာ ကဏ္ဍတွေ အလိုက် လုပ်ဆောင်သွားဖို့ရှိနေပါတယ် ။

Sound Bite – ဦးကျော်လွင်ဦး (ညွှန်ကြားရေးမှုးချုပ်) ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန

အဲဒီဆွေးနွေးပွဲမှာတော့ ရှေးဟောင်းဝတ္ထုပစ္စည်းများကာကွယ်ထိန်းသိမ်းရေး နည်းဥပဒေမှာပါဝင်တဲ့ အချက်အလက်မှာ ထည့်သွင်းလုပ်ဆောင်သင့်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန၊ UNESCO အပါအဝင် အကောက် အခွန်ဦးစီးဌာန၊ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ ဟိုတယ်နဲ့ခရီးသွားစတဲ့အရပ်ဖက်အဖွဲ့ အစည်းတွေလည်း ပါဝင်ဆွေးနွေးခဲ့တာဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)