Premier စက္ရုံမွာ အလုပ္သမားဥပေဒအတိုင္း ခံစားခြင့္ေပးဖို႔ အလုပ္သမားေတြ ေတာင္းဆို(႐ုပ္/သံ)

0
312

လႈိင္သာယာစက္မႈဇုန္ထဲက Premier စက္ရုံမွာ အလုပ္သမားဥပေဒအတိုင္း ခံစားခြင့္ေပးဖို႔ အလုပ္သမားေတြ ေတာင္းဆိုေနပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

၁၉၅၁ ခြင့္ရက္ႏွင့္ အလုပ္ပိတ္ရက္ အက္ဥပေဒအရ လစာျပည့္နဲ႔ တစ္ႏွစ္မွာ ၆ ရက္ ေရွာင္တခင္ခြင့္ရထိုက္ တယ္လို႔ ေဖၚျပထားပါတယ္။

လႈိင္သာယာစက္မႈဇုန္ ၃ ထဲက Premier စက္ရုံမွာ အလုပ္သမားေတြ ေရွာင္တခင္ခြင့္ ရယူခဲ႔ရင္ ေငြေၾကးျဖတ္ ေတာက္တာေတြ ရွိေနတာေၾကာင့္ အလုပ္သမားဥပေဒပါအတိုင္း ေဆာင္ရြက္ေပးဖို႔ အလုပ္သမားေတြက စက္ရုံေရွ႕မွာ ေတာင္းဆိုေနတာျဖစ္ပါတယ္။

Soundbite— ဦးစိုင္းညီညီ (ဥကၠဌ) ပရီမီယာေကာ္ဖီအေျခခံအလုပ္သမားသမဂၢ

အလုပ္သမားေတြ ခြင့္ယူရင္ ေငြေၾကးမျဖတ္ဖို႔နဲ႔ အလုပ္တာဝန္မွအပ အျခားအလုပ္ေတြကို မေစခိုင္းဖို႔ စတဲ႔ အခ်က္ေပါင္း ၁၄ ခ်က္ကို ေတာင္းဆိုထားၿပီး အလုပ္ရွင္နဲ႔ ၿမိဳ႕နယ္ညိွႏႈိင္းဖ်န္ေျဖေရးမွာ ညွိႏႈိင္းခဲ႔ေပမယ့္ ေျပလည္မႈ မရရွိေသးတာ ျဖစ္ပါတယ္။

Soundbite— ဦးစိုင္းညီညီ (ဥကၠဌ) ပရီမီယာေကာ္ဖီအေျခခံအလုပ္သမားသမဂၢ

အလုပ္သမားေတြ ေတာင္းဆိုထားတဲ႔ အခ်က္ေတြကို ေဖေဖၚဝါရီလ ၉ ရက္ေန႔မွာ ႏွစ္ဦးႏွစ္ဖက္ ညွိႏႈိင္းလိုက္ေလ်ာခဲ႔ၿပီးျဖစ္တာေၾကာင့္ အလုပ္သမားေတြအေနနဲ႔ မိမိဆႏၵအေလ်ာက္ အလုပ္လုပ္လုိသူေတြအေနနဲ႔ ဝင္ေရာက္လုပ္ကိုင္ႏိုင္ေၾကာင္း စက္ရုံဘက္က ေၾကညာထားပါတယ္။

အခုလက္ရွိအခ်ိန္အထိ စက္ရုံေရွ႕မွာ အလုပ္သမားေတြစုေပါင္းေတာင္းဆိုေနတာနဲ႔ ပတ္သက္ၿပီး စက္ရုံတာဝန္ရွိသူေတြကို ေမးျမန္းရာမွာ အခုအခ်ိန္ဟာ ညွိႏိႈင္းေနဆဲျဖစ္တာေၾကာင့္ ေျဖၾကားလို႔ မရႏိုင္ေၾကာင္း ေျပာပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လှိုင်သာယာစက်မှုဇုန်ထဲက Premier စက်ရုံမှာ အလုပ်သမားဥပဒေအတိုင်း ခံစားခွင့်ပေးဖို့ အလုပ်သမားတွေ တောင်းဆိုနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

၁၉၅၁ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေအရ လစာပြည့်နဲ့ တစ်နှစ်မှာ ၆ ရက် ရှောင်တခင်ခွင့်ရထိုက် တယ်လို့ ဖေါ်ပြထားပါတယ်။

လှိုင်သာယာစက်မှုဇုန် ၃ ထဲက Premier စက်ရုံမှာ အလုပ်သမားတွေ ရှောင်တခင်ခွင့် ရယူခဲ့ရင် ငွေကြေးဖြတ် တောက်တာတွေ ရှိနေတာကြောင့် အလုပ်သမားဥပဒေပါအတိုင်း ဆောင်ရွက်ပေးဖို့ အလုပ်သမားတွေက စက်ရုံရှေ့မှာ တောင်းဆိုနေတာဖြစ်ပါတယ်။

Soundbite— ဦးစိုင်းညီညီ (ဥက္ကဌ) ပရီမီယာကော်ဖီအခြေခံအလုပ်သမားသမဂ္ဂ

အလုပ်သမားတွေ ခွင့်ယူရင် ငွေကြေးမဖြတ်ဖို့နဲ့ အလုပ်တာဝန်မှအပ အခြားအလုပ်တွေကို မစေခိုင်းဖို့ စတဲ့ အချက်ပေါင်း ၁၄ ချက်ကို တောင်းဆိုထားပြီး အလုပ်ရှင်နဲ့ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးမှာ ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု မရရှိသေးတာ ဖြစ်ပါတယ်။

Soundbite— ဦးစိုင်းညီညီ (ဥက္ကဌ) ပရီမီယာကော်ဖီအခြေခံအလုပ်သမားသမဂ္ဂ

အလုပ်သမားတွေ တောင်းဆိုထားတဲ့ အချက်တွေကို ဖေဖေါ်ဝါရီလ ၉ ရက်နေ့မှာ နှစ်ဦးနှစ်ဖက် ညှိနှိုင်းလိုက်လျောခဲ့ပြီးဖြစ်တာကြောင့် အလုပ်သမားတွေအနေနဲ့ မိမိဆန္ဒအလျောက် အလုပ်လုပ်လိုသူတွေအနေနဲ့ ဝင်ရောက်လုပ်ကိုင်နိုင်ကြောင်း စက်ရုံဘက်က ကြေညာထားပါတယ်။

အခုလက်ရှိအချိန်အထိ စက်ရုံရှေ့မှာ အလုပ်သမားတွေစုပေါင်းတောင်းဆိုနေတာနဲ့ ပတ်သက်ပြီး စက်ရုံတာဝန်ရှိသူတွေကို မေးမြန်းရာမှာ အခုအချိန်ဟာ ညှိနှိုင်းနေဆဲဖြစ်တာကြောင့် ဖြေကြားလို့ မရနိုင်ကြောင်း ပြောပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)