မိုင္းဆတ္မွာ မိခင္ကိုသတ္ၿပီး မီး႐ိႈ႕ အေလာင္းေဖ်ာက္မႈ ျဖစ္ပြား

0
433

ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ မိုင္းဆတ္ၿမိဳ႕နယ္မွာ သားအမိခ်င္း စကားမ်ားရာက မိခင္ျဖစ္သူကို သတ္ၿပီး မီး႐ိႈ႕ အေလာင္းေဖ်ာက္မႈ ျဖစ္ပြားခဲ့ပါတယ္။

ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔က နားေဘာ္ခိုင္ေက်းရြာေန ဦးဂ်ာအီရဲ႕ ေတာင္ယာတဲမွာ ဇနီးျဖစ္သူ ေဒၚနာေထာ (၅၆ ႏွစ္) နဲ႔ သားျဖစ္သူ ယားဖူ (၂၂ ႏွစ္) တို႔ ဟင္းခ်က္ခိုင္းတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး စကားမ်ားရာက ယားဖူက ေပါက္ျပားနဲ႔ ခုတ္တဲ့အတြက္ ေဒၚနာေထာ ဦးေခါင္း၊ ခ်ိဳင္း၊ တံေတာင္ဆစ္၊ ေျခေထာက္တို႔မွာ ျပတ္ရွဒဏ္ရာေတြရၿပီး အခင္းျဖစ္ရာေနရာမွာ ေသဆံုးခဲ့ပါတယ္။

ေတာင္ယာထဲမွာ ယားဖူက အေလာင္းကို မီး႐ိႈ႕ခဲ့တဲ့အတြက္ ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔မွာပဲ ယားဖူကို မိုင္းခုတ္ နယ္ေျမရဲစခန္းက လူသတ္မႈ၊ မီး႐ိႈ႕မႈ၊ အေလာင္းေဖ်ာက္ဖ်က္မႈေတြနဲ႔ အမႈဖြင့္ စစ္ေဆးေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

မိုင်းဆတ်မှာ မိခင်ကိုသတ်ပြီး မီးရှို့ အလောင်းဖျောက်မှု ဖြစ်ပွား

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်မှာ သားအမိချင်း စကားများရာက မိခင်ဖြစ်သူကို သတ်ပြီး မီးရှို့ အလောင်းဖျောက်မှု ဖြစ်ပွားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က နားဘော်ခိုင်ကျေးရွာနေ ဦးဂျာအီရဲ့ တောင်ယာတဲမှာ ဇနီးဖြစ်သူ ဒေါ်နာထော (၅၆ နှစ်) နဲ့ သားဖြစ်သူ ယားဖူ (၂၂ နှစ်) တို့ ဟင်းချက်ခိုင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စကားများရာက ယားဖူက ပေါက်ပြားနဲ့ ခုတ်တဲ့အတွက် ဒေါ်နာထော ဦးခေါင်း၊ ချိုင်း၊ တံတောင်ဆစ်၊ ခြေထောက်တို့မှာ ပြတ်ရှဒဏ်ရာတွေရပြီး အခင်းဖြစ်ရာနေရာမှာ သေဆုံးခဲ့ပါတယ်။

တောင်ယာထဲမှာ ယားဖူက အလောင်းကို မီးရှို့ခဲ့တဲ့အတွက် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာပဲ ယားဖူကို မိုင်းခုတ် နယ်မြေရဲစခန်းက လူသတ်မှု၊ မီးရှို့မှု၊ အလောင်းဖျောက်ဖျက်မှုတွေနဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)