
0
450

 




>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါ်အောင်ဆန်းစုကြည်မှာ ရိုးသားမှုနဲ့ ကြံ့ခိုင်မှုကို တွေ့ရတယ်လို့ ဒေါက်တာ ဆာသီရာထိုင်း ပြော

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ ရိုးသားမှုနဲ့ ကြံ့ခိုင်မှုကို တွေ့ရကြောင်းနဲ့ သူ့မှာ အကန့်အသတ် ရှိနေပြီး အဲဒါဟာ စစ်ရေးကိစ္စမှာ ထိန်းချုပ်လို့ မရတာဘဲဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း ဒေါက်တာ ဆူရာကီယတ် ဆာသီရာထိုင်းက ပြောပါတယ်။

ပဋိပက္ခ ဒါမှမဟုတ် တိုက်ခိုက်မှုတွေ ဖြစ်ပွားတဲ့အခါ သူ့မှာ လုပ်ပိုင်ခွင့်၊ အမိန့်ပေးနိုင်ခွင့် ရှိမနေဘူးလို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ဦးဆောင်သူ ဒေါက်တာ ဆာသီရာထိုင်းက ဘန်ကောက်ပို့စ် သတင်းစာနဲ့ အင်တာဗျူးမှာ ဖြေကြားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရ အရာရှိတွေ၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ တိုင်းရင်းသားအဖွဲ့ အားလုံးနဲ့ ပူးပေါင်းပြီး ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းဖို့ ဆန္ဒရှိနေတယ်လို့လည်း ဒေါက်တာ ဆာသီရာထိုင်းက ပြောထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)