
0
1009



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မကွေးမြို့မှာ လူပေါင်း ၃၄၀ဝ ကျော်နဲ့ ပုံဖော်တဲ့ မြန်မာပြည်မြေပုံ ကမ္ဘာ့ဂရင်းနစ်စံချိန်တင်

၇၁ နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဖေဖော်ဝါရီလ ၁၂ ရက်က မကွေးမြို့မှာ လူ အယောက် ၃၄၆၆ နဲ့ အကြီးဆုံး မြန်မာပြည်မြေပုံ ပုံဖော်ပြုလုပ်မှုဟာ ကမ္ဘာ့ ဂင်းနစ်စံချိန်သစ် တင်နိုင်ခဲ့တယ်လို့ ဂင်းနစ်ကမ္ဘာ့စံချိန် အဖွဲ့ရဲ့ ဝက်ဘ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီပုံဖော်မှုကို ဆက်သွယ်ရေး ကုမ္ပဏီ Telenor Myanmar က ဦးဆောင် ပြုလုပ်ခဲ့တာဖြစ်ပြီး သမိုင်းမှာ အရေးပါတဲ့ ပြည်ထောင်စုနေ့မှာ ပေါင်းစည်းခိုင်မာတဲ့ မြန်မာနိုင်ငံဖြစ်ကြောင်းကို လူအများပါဝင်ပြီး ညီညွတ်ခိုင်မာမှုကို ပြသနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ တယ်လီနောမြန်မာက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)