ပထမအသုတ္ ေနရပ္ျပန္ဖို႔ ဒုကၡသည္ ၁ ေထာင္ အခ်က္အလက္ ရွင္းလင္းၿပီး ျဖစ္

0
906

ဘဂၤလားေဒ့ရွ္ ဒုကၡသည္ စခန္းကေန ပထမအသုတ္အျဖစ္ ေနရပ္ျပန္ဖို႔ ဒုကၡသည္ ၁ ေထာင္ကို အခ်က္အလက္ စိစစ္ရွင္းလင္းၿပီး ျဖစ္တယ္လို႔ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ေဟာက္ဒိုဆြမ္းက ေျပာပါတယ္။

မြတ္စလင္ ဒုကၡသည္ ၇၅၀ ပါ စာရင္းကိုလည္း ဘဂၤလားေဒ့ရွ္ဘက္ကို စိစစ္ဖို႔ ေပးပို႔ထားၿပီး ျဖစ္တယ္လို႔လည္း မေန႔က ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔က က်င္းပတဲ့ ကုလသမဂၢ လံုၿခံဳေရးေကာင္စီမွာ သံအမတ္ႀကီး ေဟာက္ဒိုဆြမ္းက ေျပာသြားတာ ျဖစ္ပါတယ္။ အခ်က္အလက္ ရွင္းလင္း စိစစ္ၿပီးတဲ့ ဒုကၡသည္ ၁ ေထာင္အနက္ ၅၀၈ ဦးက ဟိႏၵဴေတြျဖစ္ပါတယ္။

ဘဂၤလားေဒ့ရွ္ဘက္က ျပန္ပို႔မယ့္ ဒုကၡသည္ေတြကို လက္ခံဖို႔ ဇန္နဝါရီလ ၂၃ ရက္ေန႔ကတည္း အဆင္သင့္ ျဖစ္ေနေၾကာင္း ျမန္မာဘက္က ေၾကညာထားပါတယ္။ သက္ေမြးဝမ္းေက်ာင္း အကူအညီေပးမယ့္ ကိစၥေတြပါဝင္တဲ့ ျပန္လည္ အေျခခ်မယ့္ စီမံကိန္း၊ အေျခခံ လိုအပ္ခ်က္ အေထာက္အပံ့၊ စိစစ္ၿပီး ေနရပ္ျပန္လာသူေတြကို လံုၿခံဳေရး စီမံထားမႈေတြ ျမန္မာဘက္က ဘဂၤလားေဒ့ရွ္ဘက္ကို ေပးပို႔ထားၿပီး ျဖစ္တယ္လို႔ သံအမတ္ႀကီး ေဟာက္ဒိုဆြမ္းက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပထမအသုတ် နေရပ်ပြန်ဖို့ ဒုက္ခသည် ၁ ထောင် အချက်အလက် ရှင်းလင်းပြီး ဖြစ်
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းကနေ ပထမအသုတ်အဖြစ် နေရပ်ပြန်ဖို့ ဒုက္ခသည် ၁ ထောင်ကို အချက်အလက် စိစစ်ရှင်းလင်းပြီး ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက ပြောပါတယ်။

မွတ်စလင် ဒုက္ခသည် ၇၅၀ ပါ စာရင်းကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို စိစစ်ဖို့ ပေးပို့ထားပြီး ဖြစ်တယ်လို့လည်း မနေ့က ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သံအမတ်ကြီး ဟောက်ဒိုဆွမ်းက ပြောသွားတာ ဖြစ်ပါတယ်။ အချက်အလက် ရှင်းလင်း စိစစ်ပြီးတဲ့ ဒုက္ခသည် ၁ ထောင်အနက် ၅၀၈ ဦးက ဟိန္ဒူတွေဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ပို့မယ့် ဒုက္ခသည်တွေကို လက်ခံဖို့ ဇန်နဝါရီလ ၂၃ ရက်နေ့ကတည်း အဆင်သင့် ဖြစ်နေကြောင်း မြန်မာဘက်က ကြေညာထားပါတယ်။ သက်မွေးဝမ်းကျောင်း အကူအညီပေးမယ့် ကိစ္စတွေပါဝင်တဲ့ ပြန်လည် အခြေချမယ့် စီမံကိန်း၊ အခြေခံ လိုအပ်ချက် အထောက်အပံ့၊ စိစစ်ပြီး နေရပ်ပြန်လာသူတွေကို လုံခြုံရေး စီမံထားမှုတွေ မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်ဘက်ကို ပေးပို့ထားပြီး ဖြစ်တယ်လို့ သံအမတ်ကြီး ဟောက်ဒိုဆွမ်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)