အိႏၵိယက ျမန္မာႏိုင္ငံကို လွ်ပ္စစ္ဓာတ္အား ေရာင္းခ်လိုေန

0
960

အိႏၵိယႏုိင္ငံက ျမန္မာႏိုင္ငံနဲ႔ အိမ္နီးခ်င္း အေရွ႕ေတာင္အာရွ ႏိုင္ငံေတြကို လွ်ပ္စစ္ဓာတ္အား ေစ်းေပါေပါနဲ႔ ေရာင္းခ်ဖို႔ အစီအစဥ္ ရွိတယ္လို႔  အိႏၵိယ စြမ္းအင္ဝန္ႀကီးက ေျပာပါတယ္။

အိႏၵိယ ကုမၸဏီေတြျဖစ္တဲ့ ရက္လီးယန္႔ ပါဝါ လီမိတက္နဲ႔ အာဒါနီ ပါဝါ လီမိတက္တို႔က ဓာတ္အား ေရာင္းခ်ဖို႔ အတြက္ ဘဂၤလားေဒ့ရွ္နဲ႔ သေဘာတူလက္မွတ္ ေရးထုိးခဲ့ပါတယ္။ ျမန္မာနဲ႔ နီေပါႏိုင္ငံေတြကို လွ်ပ္စစ္ဓာတ္အား ပိုမိုေရာင္းခ်ဖို႔ အစီအစဥ္ရွိတယ္လို႔လည္း စြမ္းအင္ဝန္ႀကီး အာ ေက ဆင္းက ေျပာပါတယ္။

အိႏၵိယ စြမ္းအင္ဝန္ႀကီးက ျမန္မာ၊ နီေပါ၊ ဘဂၤလားေဒ့ရွ္နဲ႔ သီရိလကၤာလို အိမ္နီခ်င္းႏိုင္ငံေတြက  အဓိက ေစ်းကြက္ေတြ ျဖစ္တယ္လို႔ ေျပာဆုိခဲ့ပါတယ္။ အိႏၵိယႏုိင္ငံက လွ်ပ္စစ္ဓာတ္အား ပိုမုိေရာင္းခ်ႏုိင္ေရးအတြက္ အဲဒီ ႏိုင္ငံေတြရဲ႕ လွ်ပ္စစ္ဓာတ္အား လုိအပ္ခ်က္ကို သိေစႏုိင္ဖုိ႔ ကိုယ္စားလွယ္ေတြ ေစလႊတ္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယက မြန်မာနိုင်ငံကို လျှပ်စစ် ဓါတ်အားရောင်းချလိုနေ

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း အရှေ့တောင်အာရှ နိုင်ငံတွေကို လျှပ်စစ်ဓာတ်အား ဈေးပေါပေါနဲ့ ရောင်းချဖို့ အစီအစဉ် ရှိတယ်လို့ အိန္ဒိယ စွမ်းအင်ဝန်ကြီးက ပြောပါတယ်။

အိန္ဒိယ ကုမ္ပဏီတွေဖြစ်တဲ့ ရက်လီးယန့် ပါဝါ လီမိတက်နဲ့ အာဒါနီ ပါဝါ လီမိတက်တို့က ဓာတ်အား ရောင်းချဖို့ အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူလက်မှတ် ရေးထိုးခဲ့ပါတယ်။ မြန်မာနဲ့ နီပေါနိုင်ငံတွေကို လျှပ်စစ်ဓာတ်အား ပိုမိုရောင်းချဖို့ အစီအစဉ်ရှိတယ်လို့လည်း စွမ်းအင်ဝန်ကြီး အာ ကေ ဆင်းက ပြောပါတယ်။

အိန္ဒိယ စွမ်းအင်ဝန်ကြီးက မြန်မာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာလို အိမ်နီချင်းနိုင်ငံတွေက အဓိက ဈေးကွက်တွေ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက လျှပ်စစ်ဓာတ်အား ပိုမိုရောင်းချနိုင်ရေးအတွက် အဲဒီ နိုင်ငံတွေရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို သိစေနိုင်ဖို့ ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)