ေထာင္ထားတဲ့ မိုင္းေတြ ေပါက္ကြဲလို႔ သံဃာတစ္ပါးနဲ႔ ျပည္သူတစ္ဦး ဒဏ္ရာရရွိ

0
879

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕နယ္နဲ႔ နမ့္ဆန္ၿမိဳ႕နယ္တို႔မွာ လက္နက္ကိုင္ ေသာင္းက်န္းသူေတြ ေထာင္ထားတဲ့ တိုက္မိုင္း ေပါက္ကြဲလို႔ သံဃာတစ္ပါးနဲ႔ ျပည္သူတစ္ဦး ဒဏ္ရာအသီးသီး ရရွိခဲ့ပါတယ္။

ေက်ာက္မဲၿမိဳ႕နယ္၊ ကြင္းစလန္းေက်းရြာေန ဦးအိုက္သိန္းဟာ ေဖေဖာ္ဝါရီ ၁၁ ရက္ ညေနက တစ္ရြာတည္းေန ေရႊျမင့္၊ လွပိုင္ တို႔နဲ႔အတူ လက္ဖက္ၿခံကို သြားေရာက္စဥ္ ေက်းရြာ ေတာင္ဘက္ ၁ မိုင္ခန္႔အကြာ အေရာက္မွာ တိုက္မိုင္းတစ္လံုးကို တိုက္မိ ေပါက္ကြဲခဲ့လို႔ ဦးအိုက္သိန္းမွာ မိုင္းစထိ မွန္ဒဏ္ရာေတြ ရရွိခဲ့ပါတယ္။

နမ့္ဆန္ၿမိဳ႕နယ္မွာလည္း တိုက္တိုင္ေက်းရြာကို အလည္အပတ္ေရာက္ရွိေနတဲ့ ရန္ကုန္တိုင္း၊ စမ္းေခ်ာင္းၿမိဳ႕နယ္၊ ေမဒါရံသီေက်ာင္းတိုက္က ဆရာေတာ္ ဦးဥတၱမဟာ ေဖေဖာ္ဝါရီ ၁ဝ ရက္ မနက္ ၉ နာရီခြဲမွာ ေက်ာက္မဲၿမိဳ႕ကို သြားေရာက္ၿပီး နမ့္ဆန္ၿမိဳ႕ကို ျပန္လည္ထြက္ခြာလာရာ မွာ တိုက္တိုင္ေက်းရြာရဲ႕ ေတာင္ဘက္ ၃ မိုင္ခန္႔အကြာေထာင္ထားတဲ့ တိုက္မိုင္းတစ္လံုးကို တိုက္မိေပါက္ကြဲလို႔ ဆရာေတာ္မွာ မိုင္းစထိမွန္ဒဏ္ရာ ေတြရရွိခဲ့တယ္လို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုးက ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔မွာ သတင္းထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထောင်ထားတဲ့ မိုင်းတွေ ပေါက်ကွဲလို့ သံဃာတစ်ပါးနဲ့ ပြည်သူတစ်ဦး ဒဏ်ရာရရှိ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နဲ့ နမ့်ဆန်မြို့နယ်တို့မှာ လက်နက်ကိုင် သောင်းကျန်းသူတွေ ထောင်ထားတဲ့ တိုက်မိုင်း ပေါက်ကွဲလို့ သံဃာတစ်ပါးနဲ့ ပြည်သူတစ်ဦး ဒဏ်ရာအသီးသီး ရရှိခဲ့ပါတယ်။

ကျောက်မဲမြို့နယ်၊ ကွင်းစလန်းကျေးရွာနေ ဦးအိုက်သိန်းဟာ ဖေဖော်ဝါရီ ၁၁ ရက် ညနေက တစ်ရွာတည်းနေ ရွှေမြင့်၊ လှပိုင် တို့နဲ့အတူ လက်ဖက်ခြံကို သွားရောက်စဉ် ကျေးရွာ တောင်ဘက် ၁ မိုင်ခန့်အကွာ အရောက်မှာ တိုက်မိုင်းတစ်လုံးကို တိုက်မိ ပေါက်ကွဲခဲ့လို့ ဦးအိုက်သိန်းမှာ မိုင်းစထိ မှန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

နမ့်ဆန်မြို့နယ်မှာလည်း တိုက်တိုင်ကျေးရွာကို အလည်အပတ်ရောက်ရှိနေတဲ့ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မေဒါရံသီကျောင်းတိုက်က ဆရာတော် ဦးဥတ္တမဟာ ဖေဖော်ဝါရီ ၁ဝ ရက် မနက် ၉ နာရီခွဲမှာ ကျောက်မဲမြို့ကို သွားရောက်ပြီး နမ့်ဆန်မြို့ကို ပြန်လည်ထွက်ခွာလာရာ မှာ တိုက်တိုင်ကျေးရွာရဲ့ တောင်ဘက် ၃ မိုင်ခန့်အကွာထောင်ထားတဲ့ တိုက်မိုင်းတစ်လုံးကို တိုက်မိပေါက်ကွဲလို့ ဆရာတော်မှာ မိုင်းစထိမှန်ဒဏ်ရာ တွေရရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)