
0
977




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုက္ခသည်တွေ လုံခြုံစွာ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ ကုလ ပြော

ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည် ၆၈၈၀ဝ၀ လုံလုံခြုံခြုံ နေရပ်ပြန်နိုင်တဲ့ အခြေအနေကို ဖန်တီးပေးဖို့ မြန်မာဘက်က ပျက်ကွက်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက ပြောပါတယ်။

နေရပ်ပြန်သူတွေကို လက်ခံရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ သဘောတူထားပြီး ဖြစ်ပေမယ့် ပြန်လာတဲ့ ဟိန္ဒူရော၊ မွတ်စလင်ပါ တစ်ဦးမှ မရှိသေးပါဘူး။ ဒုက္ခသည်တွေ မိမိဆန္ဒအလျောက် နေရပ်ပြန်ဖို့ အခြေအနေ မဖြစ်ပေါ်သေးဘူးလို့ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြောတာ ဖြစ်ပါတယ်။

ထွက်ပြေးရတဲ့ အကြောင်းရင်းကို မထုတ်ဖော်ရသေးဘူး၊ ဖယ်ကျဉ်ခံထားရမှုနဲ့ လူ့အခွင့်အရေး ငြင်းပယ်မှုတွေနဲ့ ပတ်သက်လို့ ထုတ်ဖော်နိုင်တာတွေ မမြင်ရသေးဘူးလို့ ဂရန်ဒီက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)