
0
959



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နောင်ချို – ဂုတ်တွင်း ကားလမ်းပိုင်း ယာယီ ပိတ်ထား

နောင်ချို – ဂုတ်တွင်း လမ်းပိုင်းမှာရှိတဲ့ လမ်းနဲ့ မလွတ်ကင်းတဲ့ ကျွန်းပင် ၁၀ဝ ကျော်ကို ခုတ်ထွင်ရှင်းလင်းမှာ ဖြစ်တဲ့အတွက် လမ်းကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စတင်ပြီး နေ့စဉ် နေ့လည် ၁ နာရီကနေ ၃ နာရီအထိ ယာယီ လမ်းပိတ်ထားမှာ ဖြစ်ပါတယ်။

လမ်းပိတ်ထားစဉ် အတက်အဆင်း ကားတွေအတွက် အတက်ကားတွေကို နောင်ချိုဆေးရုံ အနီးနဲ့ အဆင်းကားတွေကတော့ နောင်ပိန်မိုးမြင့် စားသောက်ဆိုင်အနီးမှာ ယာယီ ရပ်နားစေဖို့ ကြိုတင် အသိပေးထားပါတယ်။ ယာယီလမ်းပိတ်ခြင်းကို ဖေဖော်ဝါရီ ၁၅ ရက်နေ့က စတင်မှာဖြစ်ပြီး ၁၀ ရက်ခန့် ကြာမြင့်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)