ေက်ာင္းသူ ေက်ာင္းသား ၄ ေထာင္ေက်ာ္ကို အေျခခံစစ္ပညာေတြ သင္ၾကားေပးမယ္

0
987

၂ဝ၁၇-၂၀၁၈ ပညာသင္ႏွစ္အတြက္ တကၠသိုလ္နဲ႔ ေကာလိပ္ ၂၄ ခုမွာ ပညာသင္ၾကားေနတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေပါင္း ၄၂၇ဝ ဦးကို အေျခခံစစ္ပညာေတြ သင္ၾကားေပးသြားမယ္လို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုးက ဒီေန႔ ေဖေဖာ္ဝါရီလ ၁၄ ရက္မွာ သတင္းထုတ္ျပန္လိုက္ပါတယ္။

၂ဝ၁၇-၂ဝ၁၈ ပညာသင္ႏွစ္အတြက္ တကၠသိုလ္ေလ့က်င့္ေရး သင္တန္းမွာ ပထမႏွစ္ အေျခခံစစ္ပညာ သင္တန္းကို ရက္သတၱပတ္ ၁၄ ပတ္၊ ဒုတိယႏွစ္ အေျခခံစစ္ပညာ သင္တန္းကို ရက္သတၱပတ္ ၁၅ ပတ္ သင္ၾကားေပးမွာ ျဖစ္ပါတယ္။ ပထမႏွစ္ တန္းျမင့္စစ္ပညာ သင္တန္းကို ရက္သတၱပတ္ ၁ဝ ပတ္၊ ဒုတိယႏွစ္ တန္းျမင့္စစ္ပညာ သင္တန္းကို ရက္သတၱပတ္ ၇ ပတ္ ဖြင့္လွစ္သြားမွာျဖစ္ပါတယ္။

သင္တန္းမွာ စစ္ေရးျပ၊ လက္နက္ငယ္၊ ကိုယ္စီ စစ္ေျမျပင္ကြၽမ္းက်င္မႈ၊ စစ္နည္းဗ်ဴဟာ၊ ေသာင္းက်န္းသူ ႏွိမ္နင္းေရး၊ အုပ္ခ်ဳပ္မႈ ဘာသာရပ္၊ သေဘာတရားေရး ဆိုင္ရာ ဘာသာရပ္၊ စက္ပစ္ကြင္း ပစ္ခတ္စဥ္၊ အနီးကပ္ တိုက္နည္း (သိုင္း)၊ ေျမပုံဖတ္နည္း၊ စစ္ေျမျပင္ အင္ဂ်င္နီယာ၊ က်န္းမာေရး၊ ေရွးဦး သူနာျပဳနဲ႔ စုေပါင္း ေလ့က်င့္ခန္း စတဲ့ ဘာသာရပ္ေတြကို ေလ့က်င့္ သင္ၾကားေပးသြားမွာ ျဖစ္ပါတယ္။

အခုလို သင္ၾကားေပးဖို႔ လုပ္ေဆာင္ျခင္းဟာ ႏိုင္ငံေတာ္ ကာကြယ္ေရးဆိုင္ရာ အသိအျမင္ေတြ ရရွိၿပီး အနာဂတ္ ႏိုင္ငံေတာ္ရဲ႕ တာဝန္ေတြ ထမ္းေဆာင္တဲ့အခါမွာ အေထာက္အကူ ရရွိကာ ႏိုင္ငံခ်စ္စိတ္၊ မ်ဳိးခ်စ္စိတ္ေတြ ပိုမိုရင့္သန္လာေစဖို႔ ရည္ရြယ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျောင်းသူ ကျောင်းသား ၄ ထောင်ကျော်ကို အခြေခံစစ်ပညာတွေ သင်ကြားပေးမယ်

၂ဝ၁၇-၂၀၁၈ ပညာသင်နှစ်အတွက် တက္ကသိုလ်နဲ့ ကောလိပ် ၂၄ ခုမှာ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူပေါင်း ၄၂၇ဝ ဦးကို အခြေခံစစ်ပညာတွေ သင်ကြားပေးသွားမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီနေ့ ဖေဖော်ဝါရီလ ၁၄ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေး သင်တန်းမှာ ပထမနှစ် အခြေခံစစ်ပညာ သင်တန်းကို ရက်သတ္တပတ် ၁၄ ပတ်၊ ဒုတိယနှစ် အခြေခံစစ်ပညာ သင်တန်းကို ရက်သတ္တပတ် ၁၅ ပတ် သင်ကြားပေးမှာ ဖြစ်ပါတယ်။ ပထမနှစ် တန်းမြင့်စစ်ပညာ သင်တန်းကို ရက်သတ္တပတ် ၁ဝ ပတ်၊ ဒုတိယနှစ် တန်းမြင့်စစ်ပညာ သင်တန်းကို ရက်သတ္တပတ် ၇ ပတ် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

သင်တန်းမှာ စစ်ရေးပြ၊ လက်နက်ငယ်၊ ကိုယ်စီ စစ်မြေပြင်ကျွမ်းကျင်မှု၊ စစ်နည်းဗျူဟာ၊ သောင်းကျန်းသူ နှိမ်နင်းရေး၊ အုပ်ချုပ်မှု ဘာသာရပ်၊ သဘောတရားရေး ဆိုင်ရာ ဘာသာရပ်၊ စက်ပစ်ကွင်း ပစ်ခတ်စဉ်၊ အနီးကပ် တိုက်နည်း (သိုင်း)၊ မြေပုံဖတ်နည်း၊ စစ်မြေပြင် အင်ဂျင်နီယာ၊ ကျန်းမာရေး၊ ရှေးဦး သူနာပြုနဲ့ စုပေါင်း လေ့ကျင့်ခန်း စတဲ့ ဘာသာရပ်တွေကို လေ့ကျင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

အခုလို သင်ကြားပေးဖို့ လုပ်ဆောင်ခြင်းဟာ နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ အသိအမြင်တွေ ရရှိပြီး အနာဂတ် နိုင်ငံတော်ရဲ့ တာဝန်တွေ ထမ်းဆောင်တဲ့အခါမှာ အထောက်အကူ ရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တွေ ပိုမိုရင့်သန်လာစေဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)