ဗုံးသီးေဟာင္းကို မီးပုံထဲ ပစ္ထည့္ရာက ေပါက္ကြဲမႈျဖစ္၊ ကေလးငယ္ ၂ ဦး ဒဏ္ရာရ

0
932

ေနျပည္ေတာ္၊ ဥတၱရသီရိၿမိဳ႕နယ္၊ စည္ပင္သာေက်းရြာ၊ ၾကပ္ေျမႇာင္တဲစုမွာ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔က ဗံုးသီးေဟာင္းတစ္လံုးကို မီးပံုအတြင္း ပစ္ထည့္ရာကေန ေပါက္ကြဲမႈ ျဖစ္ပြားခဲ့ၿပီး အနီးမွာ ရွိတဲ့ အသက္ ၁၃ ႏွစ္အရြယ္ မိန္းကေလးတစ္ဦးနဲ႔ ၁ ႏွစ္ခြဲအရြယ္ ကေလးငယ္တစ္ဦးတို႔ ဒဏ္ရာရရွိခဲ့ပါတယ္။

ဦးေအာင္ေဇာ္လြင္က ေကာက္ရထားတဲ့ ၄၀ မမ ဗုံးသီးေဟာင္း တစ္လုံးကို ေနအိမ္ အေနာက္ဘက္မွာရွိတဲ့ မီးလံႈဖို႔ ဖိုထားတဲ့ မီးပုံအတြင္းကို ပစ္ခ်ခဲ့ရာကေန ေပါက္ကြဲမႈျဖစ္ပြားၿပီး မီးဖိုနဲ႔ ၁၀ ေပအကြာမွာ ရွိတဲ့ ကေလးငယ္ႏွစ္ဦး ဗုံးစထိမွန္ဒဏ္ရာေတြ ရရွိခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗုံးသီးဟောင်းကို မီးပုံထဲ ပစ်ထည့်ရာက ပေါက်ကွဲမှုဖြစ်၊ ကလေးငယ် ၂ ဦး ဒဏ်ရာရ

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ စည်ပင်သာကျေးရွာ၊ ကြပ်မြှောင်တဲစုမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဗုံးသီးဟောင်းတစ်လုံးကို မီးပုံအတွင်း ပစ်ထည့်ရာကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနီးမှာ ရှိတဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ ၁ နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ပါတယ်။

ဦးအောင်ဇော်လွင်က ကောက်ရထားတဲ့ ၄၀ မမ ဗုံးသီးဟောင်း တစ်လုံးကို နေအိမ် အနောက်ဘက်မှာရှိတဲ့ မီးလှုံဖို့ ဖိုထားတဲ့ မီးပုံအတွင်းကို ပစ်ချခဲ့ရာကနေ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးဖိုနဲ့ ၁၀ ပေအကွာမှာ ရှိတဲ့ ကလေးငယ်နှစ်ဦး ဗုံးစထိမှန်ဒဏ်ရာတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)