ျမန္မာႏိုင္ငံအေရး ကုလ လံုၿခံဳေရးေကာင္စီမွာ အစည္းအေဝး က်င္းပ

0
884

ကုလသမဂၢ လံုၿခံဳေရးေကာင္စီမွာ မေန႔က ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔က ျမန္မာႏိုင္ငံက ေနရပ္စြန္႔ခြာသူေတြအေရး၊ ႐ိုက္တာ သတင္းေထာက္ ဖမ္းဆီးခံရမႈေတြနဲ႔ ပတ္သက္လို႔ အစည္းအေဝး ေခၚယူ က်င္းပပါတယ္။

အဲဒီ လံုၿခံဳေရးေကာင္စီ အစည္းအေဝးကို အေမရိကန္၊ ျပင္သစ္၊ နယ္သာလန္၊ ကာဇက္စတန္ အပါအဝင္ ႏိုင္ငံ ၇ ႏိုင္ငံက ေခၚယူတာ ျဖစ္ၿပီး အဖြဲ႔ဝင္ ၁၅ ဦး တက္ေရာက္ပါတယ္။ ကုလသမဂၢ ႏိုင္ငံေရး ဒုတိယ အႀကီးအကဲ မီ႐ိုဆလပ္ဗ္ ဂ်င္ကာက ႐ိုက္တာ သတင္းေထာက္ ႏွစ္ေယာက္ကို လႊတ္ေပးဖို႔ ေတာင္းဆိုၿပီး လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္၊ သတင္းရယူခြင့္ကာ လူ႔အခြင့္အေရးကို ေလးစားမႈရွိေၾကာင္း တိုင္းတာခ်က္ ျဖစ္တယ္လို႔ အစည္းအေဝးမွာ ေျပာပါတယ္။

႐ိုက္တာ သတင္းဌာနရဲ႕ သတင္းေဖာ္ျပခ်က္အရ မြတ္စလင္ေတြကို သတ္ျဖတ္မႈဟာ လူသားမ်ိဳးႏြယ္ကို က်ဴးလြန္တဲ့ ရာဇဝတ္မႈအထိ ျဖစ္သြားႏိုင္တယ္လို႔ ကုလသမဂၢဆိုင္ရာ ျပင္သစ္သံအမတ္ႀကီး ဖရန္စစ္ ဒဲလတ္ထရီက ေျပာပါတယ္။ သူကလည္း ႐ိုက္တာ သတင္းေထာက္ေတြကို လႊတ္ေပးဖို႔ ေတာင္းဆိုပါတယ္။

အေၾကာင္းမဲ့ ျငင္းဆိုေနမႈေတြနဲ႔ ဆန္႔က်င္ဘက္ မျဖစ္ေအာင္လုပ္ထားဖို႔ ရခိုင္ျပည္နယ္ထဲကို လံုၿခံဳေရးေကာင္စီနဲ႔ တျခားအဖြဲ႔ေတြကို သြားခြင့္မျပဳတာ ျဖစ္တယ္လို႔ ကုလသမဂၢဆိုင္ရာ အေမရိကန္ သံအမတ္ နစ္ကီ ဟာေလက စြပ္စြဲသြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံအရေး ကုလ လုံခြုံရေးကောင်စီမှာ အစည်းအဝေး ကျင်းပ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မနေ့က ဖေဖော်ဝါရီ ၁၃ ရက်နေ့က မြန်မာနိုင်ငံက နေရပ်စွန့်ခွာသူတွေအရေး၊ ရိုက်တာ သတင်းထောက် ဖမ်းဆီးခံရမှုတွေနဲ့ ပတ်သက်လို့ အစည်းအဝေး ခေါ်ယူ ကျင်းပပါတယ်။

အဲဒီ လုံခြုံရေးကောင်စီ အစည်းအဝေးကို အမေရိကန်၊ ပြင်သစ်၊ နယ်သာလန်၊ ကာဇက်စတန် အပါအဝင် နိုင်ငံ ၇ နိုင်ငံက ခေါ်ယူတာ ဖြစ်ပြီး အဖွဲ့ဝင် ၁၅ ဦး တက်ရောက်ပါတယ်။ ကုလသမဂ္ဂ နိုင်ငံရေး ဒုတိယ အကြီးအကဲ မီရိုဆလပ်ဗ် ဂျင်ကာက ရိုက်တာ သတင်းထောက် နှစ်ယောက်ကို လွှတ်ပေးဖို့ တောင်းဆိုပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းရယူခွင့်ကာ လူ့အခွင့်အရေးကို လေးစားမှုရှိကြောင်း တိုင်းတာချက် ဖြစ်တယ်လို့ အစည်းအဝေးမှာ ပြောပါတယ်။

ရိုက်တာ သတင်းဌာနရဲ့ သတင်းဖော်ပြချက်အရ မွတ်စလင်တွေကို သတ်ဖြတ်မှုဟာ လူသားမျိုးနွယ်ကို ကျူးလွန်တဲ့ ရာဇဝတ်မှုအထိ ဖြစ်သွားနိုင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး ဖရန်စစ် ဒဲလတ်ထရီက ပြောပါတယ်။ သူကလည်း ရိုက်တာ သတင်းထောက်တွေကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်။

အကြောင်းမဲ့ ငြင်းဆိုနေမှုတွေနဲ့ ဆန့်ကျင်ဘက် မဖြစ်အောင်လုပ်ထားဖို့ ရခိုင်ပြည်နယ်ထဲကို လုံခြုံရေးကောင်စီနဲ့ တခြားအဖွဲ့တွေကို သွားခွင့်မပြုတာ ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီ ဟာလေက စွပ်စွဲသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)