အသင္းအဖြဲ႕ေတြက ၀န္ထမ္းေတြကို ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ ယူနီေဖာင္းနဲ႔ တူညီ၀တ္စံု မ၀တ္ဖို႔ သတိေပး

0
930

ရခုိင္ျပည္နယ္အတြင္းမွာ႐ွိတဲ့ ပုဂၢလိကစီးပြားေရးလုပ္ငန္းေတြနဲ႔ အသင္းအဖြဲ႔ေတြက ဝန္ထမ္းေတြကို လံုၿခံဳေရးတပ္ဖြဲ႔ဝင္ ေတြရဲ႕ ယူနီေဖာင္းေတြနဲ႔ တူညီတဲ့ဝတ္စံုေတြမဝတ္ၾကဖို႔ ရခုိင္ျပည္နယ္ ရဲတပ္ဖြဲ႔က ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔မွာ ေခၚယူအသိေပးခဲ့ပါတယ္။

အခုလိုမ်ိဳး ျပင္ပပုဂၢလိကလုပ္ငန္းေတြမွာ လံုၿခံဳေရးဝန္ထမ္းေတြဝတ္ဆင္ေနၾကတဲ့ ဝတ္စံုေတြဟာ လံုၿခံဳေရးတပ္ဖြဲ႕ဝင္ ေတြရဲ႕ ယူနီေဖာင္းေတြနဲ႔ တူညီစြာဝတ္ဆင္ေနၾကတဲ့အတြက္ အၾကမ္းဖက္စီးနင္းသူေတြက အခြင့္ေကာင္းယူၿပီး တိုက္ခိုက္မႈေတြျပဳလုပ္လာႏုိင္တာေၾကာင့္ တားျမစ္လိုက္တာျဖစ္ပါတယ္။

ဒါ့အျပင္ ရခုိင္ျပည္နယ္အတြင္းမွာ တခ်ိဳ႕လံုၿခံဳေရးတပ္ဖြဲ႔ေတြရဲ႕ ယူနီေဖာင္းေတြကို အလုပ္အကိုင္လုပ္တဲ့ ေနရာေတြ၊ ေတာေတာင္ေတြကို သြားတဲ့အခါေတြမွာ ဝတ္ဆင္မႈေတြရွိေနတာေၾကာင့္ ထင္ေယာင္ ထင္မွားမႈေတြ ျဖစ္ပြားေနေၾကာင္းနဲ႔ တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႔ဝင္ေတြရဲ႕ ယူနီေဖာင္းေတြကို အခုလိုမ်ိဳး ဝတ္ဆင္မႈေတြျပဳလုပ္ပိုင္ခြင့္မ႐ွိ ေၾကာင္း ရခုိင္ျပည္နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးႀကီး ေအာင္ျမတ္မိုးကို ေျပာၾကား လိုက္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အသင်းအဖွဲ့တွေက ဝန်ထမ်းတွေ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ယူနီဖောင်းနဲ့ တူညီဝတ်စုံ မဝတ်ဖို့ သတိပေး

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေနဲ့ အသင်းအဖွဲ့တွေက ဝန်ထမ်းတွေကို လုံခြုံရေးတပ်ဖွဲ့ဝင် တွေရဲ့ ယူနီဖောင်းတွေနဲ့ တူညီတဲ့ဝတ်စုံတွေမဝတ်ကြဖို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ခေါ်ယူအသိပေးခဲ့ပါတယ်။

အခုလိုမျိုး ပြင်ပပုဂ္ဂလိကလုပ်ငန်းတွေမှာ လုံခြုံရေးဝန်ထမ်းတွေဝတ်ဆင်နေကြတဲ့ ဝတ်စုံတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင် တွေရဲ့ ယူနီဖောင်းတွေနဲ့ တူညီစွာဝတ်ဆင်နေကြတဲ့အတွက် အကြမ်းဖက်စီးနင်းသူတွေက အခွင့်ကောင်းယူပြီး တိုက်ခိုက်မှုတွေပြုလုပ်လာနိုင်တာကြောင့် တားမြစ်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာ တချို့လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ယူနီဖောင်းတွေကို အလုပ်အကိုင်လုပ်တဲ့ နေရာတွေ၊ တောတောင်တွေကို သွားတဲ့အခါတွေမှာ ဝတ်ဆင်မှုတွေရှိနေတာကြောင့် ထင်ယောင် ထင်မှားမှုတွေ ဖြစ်ပွားနေကြောင်းနဲ့ တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ယူနီဖောင်းတွေကို အခုလိုမျိုး ဝတ်ဆင်မှုတွေပြုလုပ်ပိုင်ခွင့်မရှိ ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးကို ပြောကြား လိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)