႐ိုက္တာ သတင္းေထာက္ႏွစ္ဦးကို PEN အေမရိက ဆု ခ်ီးျမႇင့္မယ္

0
889

ျမန္မာႏုိင္ငံမွာ ထိန္းသိမ္းခံထားရတဲ့ ႐ိုက္တာ သတင္းေထာက္ ကိုဝလံုး (ခ) သက္ဦးေမာင္ေမာင္နဲ႔ ကိုေက်ာ္စိုးဦး (ခ) မိုးေအာင္တို႔ကို PEN အေမရိက ဆုခ်ီးျမႇင့္မွာ ျဖစ္ပါတယ္။

စာေပနဲ႔ လူအခြင့္ေရးဆုိင္ရာ အဖြဲ႔အစည္းျဖစ္တဲ့ PEN အေမရိက က သူတို႔ ႏွစ္ဦးကို PEN/Barbey Freedom to Write Award ခ်ီးျမွင္မယ္လုိ႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။ PEN အေမရိက က စာေပလြတ္လပ္စြာ ေရးသားခြင့္ဆုကို ၁၉၈၇ ခုႏွစ္က စတင္ေပးအပ္ခဲ့တာ ျဖစ္ပါတယ္။

ကိုဝလံုး (ခ) သက္ဦးေမာင္ေမာင္နဲ႔ ကိုေက်ာ္စိုးဦး (ခ) မိုးေအာင္တို႔ကို မႏွစ္က ဒီဇင္ဘာ ၁၂ ရက္ေန႔ ည ၁၁ နာရီခြဲမွာ ရန္ကုန္တိုင္း၊ ေထာက္ၾကန္႔ ရဲစခန္းမွာ ျမန္မာႏိုင္ငံ အစိုးရ လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒနဲ႔ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရိုက်တာ သတင်းထောက်နှစ်ဦးကို PEN အမေရိက ဆု ချီးမြှင့်မယ်

မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံး (ခ) သက်ဦးမောင်မောင်နဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို PEN အမေရိက ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။

စာပေနဲ့ လူအခွင့်ရေးဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ PEN အမေရိက က သူတို့ နှစ်ဦးကို PEN/Barbey Freedom to Write Award ချီးမြှင်မယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ PEN အမေရိက က စာပေလွတ်လပ်စွာ ရေးသားခွင့်ဆုကို ၁၉၈၇ ခုနှစ်က စတင်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ကိုဝလုံး (ခ) သက်ဦးမောင်မောင်နဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို မနှစ်က ဒီဇင်ဘာ ၁၂ ရက်နေ့ ည ၁၁ နာရီခွဲမှာ ရန်ကုန်တိုင်း၊ ထောက်ကြန့် ရဲစခန်းမှာ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)