
0
861




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မောင်တောမြို့နယ်မှာ ကျပ် သိန်း ၂ ထောင် နီးပါး မူးယစ်ဆေးဝါးတွေ ဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း ဦးစောလှကျွန်းရဲ့ မြောက်ဘက်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က လှေတစ်စီးကို ရှာဖွေစစ်ဆေးရာမှာ ငွေကျပ် ၁၉၀၉ သိန်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

မောင်တော မူးယစ်တပ်ဖွဲ့စု (၄၆) တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ရှောင်ရှူးအာလောင် လှော်ခတ်လာတဲ့ လှေကို စစ်ဆေးရာ စိတ်ကြွဆေးပြား ၉၅၄၉၀ ပြား သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

ရှောင်ရှူးအာလောင် (၂၈) နှစ်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)