တိုင္းရင္းသားအဖြဲ႕ ႏွစ္ဖြဲ႕နဲ႔ NCA လက္မွတ္ထိုးဖို႔ ၁၈ လအတြင္း ၁၈ ႀကိမ္ ေဆြးေႏြးခဲ့ရ

0
259

မြန္ျပည္သစ္ပါတီ (NMSP) နဲ႔ လားဟူဒီမိုကရက္တစ္ အစည္းအ႐ုံး (LDU) တို႔ တစ္ႏိုင္ငံလုံး အပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးဖို႔ ၁၈ လအတြင္းမွာ အလြတ္သေဘာ ေဆြးေႏြးမႈေပါင္း ၉ ႀကိမ္နဲ႔ တရားဝင္ေဆြးေႏြးမႈေပါင္း ၉ ႀကိမ္ စုစုေပါင္း ၁၈ ႀကိမ္ လုပ္ခဲ့ရတယ္လို႔ ၿငိမ္းခ်မ္းေရးေကာ္မရွင္ အတြင္းေရးမွဴး ဦးခင္ေဇာ္ဦးက ေျပာပါတယ္။

မေန႔က ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ဦးခင္ေဇာ္ဦးက ေျပာသြားတာ ျဖစ္ပါတယ္။

၂ဝ၁၈ ခုႏွစ္မွာ တျခားအဖြဲ႔ေတြ လက္မွတ္ေရးထိုးႏိုင္တဲ့ အေျခအေနရွိလားလို႔ ေျပာရင္ရွိတယ္လို႔ ေျဖရမွာ ျဖစ္ပါတယ္၊ ဘယ္အဖြဲ႔ေတြလဲလို႔ ေမးရင္ေတာ့ ေျပာျပလို႔ မရေသးပါဘူး၊ ၂ဝ၁၈ ခုႏွစ္ထဲမွာေတာ့ အမ်ားႀကီး ျဖစ္ႏိုင္ေျခရွိပါတယ္၊ ၁ဝ လေလာက္ အခ်ိန္ရွိေသးတယ္၊ ကြၽန္ေတာ္တို႔ရေအာင္ ညႇိႏႈိင္းမယ္၊ က်န္တဲ့ အဖြဲ႕ေတြ ပါလာႏိုင္စရာ အေျခအေနေတြရွိပါတယ္လို႔လည္း ဦးခင္ေဇာ္ဦးက သတင္းေထာက္ေတြရဲ႕ ေမးျမန္းမႈကို ေျဖၾကားသြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုင်းရင်းသားအဖွဲ့ နှစ်ဖွဲ့နဲ့ NCA လက်မှတ်ထိုးဖို့ ၁၈ လအတွင်း ၁၈ ကြိမ် ဆွေးနွေးခဲ့ရ

မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးဖို့ ၁၈ လအတွင်းမှာ အလွတ်သဘော ဆွေးနွေးမှုပေါင်း ၉ ကြိမ်နဲ့ တရားဝင်ဆွေးနွေးမှုပေါင်း ၉ ကြိမ် စုစုပေါင်း ၁၈ ကြိမ် လုပ်ခဲ့ရတယ်လို့ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီ ၁၃ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးခင်ဇော်ဦးက ပြောသွားတာ ဖြစ်ပါတယ်။

၂ဝ၁၈ ခုနှစ်မှာ တခြားအဖွဲ့တွေ လက်မှတ်ရေးထိုးနိုင်တဲ့ အခြေအနေရှိလားလို့ ပြောရင်ရှိတယ်လို့ ဖြေရမှာ ဖြစ်ပါတယ်၊ ဘယ်အဖွဲ့တွေလဲလို့ မေးရင်တော့ ပြောပြလို့ မရသေးပါဘူး၊ ၂ဝ၁၈ ခုနှစ်ထဲမှာတော့ အများကြီး ဖြစ်နိုင်ခြေရှိပါတယ်၊ ၁ဝ လလောက် အချိန်ရှိသေးတယ်၊ ကျွန်တော်တို့ရအောင် ညှိနှိုင်းမယ်၊ ကျန်တဲ့ အဖွဲ့တွေ ပါလာနိုင်စရာ အခြေအနေတွေရှိပါတယ်လို့လည်း ဦးခင်ဇော်ဦးက သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြားသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)