အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးအတြက္ လက္ေလွ်ာ့မွာ မဟုတ္ဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္ ေျပာ

0
305

အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးပန္းတိုင္ ဖက္ဒရယ္ ခရီးက ေခ်ာေခ်ာေမြ႔ေမြ႔ သာသာယာယာနဲ႔ ျဖတ္သန္းရမွာ မဟုတ္ေပမယ့္ လက္ေလွ်ာ့မွာ မဟုတ္ဘူးလို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

 EPA-EFE/HEIN HTET

မေန႔က ေဖေဖာ္ဝါရီ ၁၃ ရက္ ေနျပည္ေတာ္မွာ က်င္းပတဲ့ မြန္ျပည္သစ္ပါတီ (NMSP) နဲ႔ လားဟူဒီမိုကရက္တစ္ အစည္းအ႐ံုး (LDU) တို႔ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးတဲ့ အခမ္းအနားမွာ ေျပာသြားတာ ျဖစ္ပါတယ္။

ၿငိမ္းခ်မ္းေရး ခရီးဟာ တာေဝးခရီး ျဖစ္တဲ့အတြက္ စိတ္ဓာတ္နဲ႔ ယုံၾကည္မႈက အရင္းခံ ျဖစ္ပါတယ္၊ အခုထိလည္း နိမ့္လိုက္ ျမင့္လိုက္၊ ေလွ်ာက္လိုက္ ရပ္လိုက္နဲ႔ အေကြ႔အေကာက္ေတြကလည္း မ်ားလွပါတယ္၊ ဒါေပမယ့္ ကၽြန္မတို႔ စိတ္မပ်က္ပါဘူးလို႔ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာနဥကၠ႒လည္း ျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် လက်လျှော့မှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

အမျိုးသားပြန်လည် သင့်မြတ်ရေးပန်းတိုင် ဖက်ဒရယ် ခရီးက ချောချောမွေ့မွေ့ သာသာယာယာနဲ့ ဖြတ်သန်းရမှာ မဟုတ်ပေမယ့် လက်လျှော့မှာ မဟုတ်ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီ ၁၃ ရက် နေပြည်တော်မှာ ကျင်းပတဲ့ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ ပြောသွားတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ခရီးဟာ တာဝေးခရီး ဖြစ်တဲ့အတွက် စိတ်ဓာတ်နဲ့ ယုံကြည်မှုက အရင်းခံ ဖြစ်ပါတယ်၊ အခုထိလည်း နိမ့်လိုက် မြင့်လိုက်၊ လျှောက်လိုက် ရပ်လိုက်နဲ့ အကွေ့အကောက်တွေကလည်း များလှပါတယ်၊ ဒါပေမယ့် ကျွန်မတို့ စိတ်မပျက်ပါဘူးလို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)