တိုင္းရင္းသား အဖြဲ႕ ႏွစ္ဖြဲ႕ NCA လက္မွတ္ ေရးထိုးမႈ ႀကိဳဆိုေၾကာင္း ထုတ္ျပန္

0
250

မြန္ျပည္သစ္ပါတီ (NMSP) နဲ႔ လားဟူဒီမိုကရက္တစ္ အစည္းအ႐ံုး (LDU) တို႔ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးတဲ့အတြက္ ႀကိဳဆိုေၾကာင္း ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္၊ အေမရိကန္သံ႐ံုး၊ အိႏၵိယအစိုးရတို႔က ႀကိဳဆိုေၾကာင္း သတင္းထုတ္ျပန္ၾကပါတယ္။

ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ NCA လက္မွတ္ မေရးထိုးရေသးတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ေတြ လက္မွတ္ေရးထိုးၾကဖို႔ အေလးအနက္ တိုက္တြန္းထားပါတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္ သံ႐ံုးကေတာ့ ဒီလို သေဘာတူ လက္မွတ္ေရးထိုးတာဟာ ေရရွည္တည္တံ့တဲ့ ၿငိမ္းခ်မ္းေရး ခရီးရွည္အတြက္ ေျခလွမ္းမ်ားစြာထဲက တစ္ခုျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

အေရွ႕ဘက္က အိမ္နီးခ်င္းႏိုင္ငံမ်ာ တိုင္းရင္းသား အဖြဲ႔ႏွစ္ဖြဲ႔ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္မွာ ပါဝင္လာျခင္းဟာ ျပည့္စံုတဲ့ ၿငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသား ရင္ၾကားေစ့ေရး ျဖစ္စဥ္ျဖစ္တယ္လို႔ အိႏၵိယ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုင်းရင်းသား အဖွဲ့ နှစ်ဖွဲ့ NCA လက်မှတ် ရေးထိုးမှု ကြိုဆိုကြောင်း ထုတ်ပြန်

မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးတဲ့အတွက် ကြိုဆိုကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ အမေရိကန်သံရုံး၊ အိန္ဒိယအစိုးရတို့က ကြိုဆိုကြောင်း သတင်းထုတ်ပြန်ကြပါတယ်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ NCA လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ လက်မှတ်ရေးထိုးကြဖို့ အလေးအနက် တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကတော့ ဒီလို သဘောတူ လက်မှတ်ရေးထိုးတာဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ခရီးရှည်အတွက် ခြေလှမ်းများစွာထဲက တစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အရှေ့ဘက်က အိမ်နီးချင်းနိုင်ငံမျာ တိုင်းရင်းသား အဖွဲ့နှစ်ဖွဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်လာခြင်းဟာ ပြည့်စုံတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး ဖြစ်စဉ်ဖြစ်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)