႐ိုက္တာ သတင္းေထာက္ေတြကို သတင္းလိုက္လို႔ ဖမ္းတာ မဟုတ္ေၾကာင္း သံအမတ္ႀကီး ေဟာက္ဒိုဆြမ္း ေျပာ

0
276

႐ိုက္တာ သတင္းေထာက္ ႏွစ္ဦးကို ဖမ္းဆီးတာ သတင္းလိုက္တဲ့အတြက္ေၾကာင့္ မဟုတ္ဘဲ အစိုးရ လွ်ိဳ႕ဝွက္စာရြက္စာတမ္းေတြကို တရားမဝင္ ပိုင္ဆိုင္မႈနဲ႔ စြပ္စြဲဖမ္းဆီးတာ ျဖစ္တယ္လို႔ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ေဟာက္ဒိုဆြမ္းက ေျပာပါတယ္။

မေန႔က ေဖေဖာ္ဝါရီ ၁၃ မွာ က်င္းပတဲ့ ကုလသမဂၢ လံုၿခံဳေရးေကာင္စီ အစည္းအေဝးမွာ သံအမတ္ႀကီး ေဟာက္ဒိုဆြမ္းက ေျပာၾကားသြားတာ ျဖစ္ပါတယ္။ ကိုဝလံုး (ခ) သက္ဦးေမာင္ေမာင္နဲ႔ ကိုေက်ာ္စိုးဦး (ခ) မိုးေအာင္တို႔ကို မႏွစ္က ဒီဇင္ဘာ ၁၂ ရက္ေန႔ ည ၁၁ နာရီခြဲမွာ ရန္ကုန္တိုင္း၊ ေထာက္ၾကန္႔ ရဲစခန္းမွာ ျမန္မာႏိုင္ငံ အစိုးရ လွ်ိဳ႕ဝွက္ခ်က္ အက္ဥပေဒနဲ႔ ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္ေတြမွာ ႐ိုက္တာ သတင္းေထာက္ႏွစ္ေယာက္ ကိစၥကို စိတ္ဝင္စားမႈ မ်ားခဲ့ပါတယ္။ ျမန္မာႏိုင္ငံအေနနဲ႔ သတင္းလြတ္လပ္ခြင့္ကို အသိအမွတ္ျပဳပါတယ္။ သူတို႔ကို ဖမ္းတာ သတင္းလိုက္လို႔ ဖမ္းတာ မဟုတ္ပါဘူးလို႔ သံအမတ္ႀကီး ေဟာက္ဒိုဆြမ္းက ေျပာပါတယ္။ ႏိုင္ငံသား အားလံုးဟာ သူတို႔ေနတဲ့ႏိုင္ငံရဲ႕ တည္ဆဲဥပေဒေတြကို လိုက္နာရပါမယ္၊ ဂ်ာနယ္လစ္ေတြရဲ႕ လုပ္ေဆာင္မႈဟာလည္း ဥပေဒေဘာင္ထဲက ျဖစ္ဖို႔ အေရးႀကီးပါတယ္လို႔ သူက ဆက္လက္ ေျပာၾကားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရိုက်တာ သတင်းထောက်တွေကို သတင်းလိုက်လို့ ဖမ်းတာ မဟုတ်ကြောင်း သံအမတ်ကြီး ဟောက်ဒိုဆွမ်း ပြော

ရိုက်တာ သတင်းထောက် နှစ်ဦးကို ဖမ်းဆီးတာ သတင်းလိုက်တဲ့အတွက်ကြောင့် မဟုတ်ဘဲ အစိုးရ လျှို့ဝှက်စာရွက်စာတမ်းတွေကို တရားမဝင် ပိုင်ဆိုင်မှုနဲ့ စွပ်စွဲဖမ်းဆီးတာ ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီ ၁၃ မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ သံအမတ်ကြီး ဟောက်ဒိုဆွမ်းက ပြောကြားသွားတာ ဖြစ်ပါတယ်။ ကိုဝလုံး (ခ) သက်ဦးမောင်မောင်နဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို မနှစ်က ဒီဇင်ဘာ ၁၂ ရက်နေ့ ည ၁၁ နာရီခွဲမှာ ရန်ကုန်တိုင်း၊ ထောက်ကြန့် ရဲစခန်းမှာ မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ရိုက်တာ သတင်းထောက်နှစ်ယောက် ကိစ္စကို စိတ်ဝင်စားမှု များခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ သတင်းလွတ်လပ်ခွင့်ကို အသိအမှတ်ပြုပါတယ်။ သူတို့ကို ဖမ်းတာ သတင်းလိုက်လို့ ဖမ်းတာ မဟုတ်ပါဘူးလို့ သံအမတ်ကြီး ဟောက်ဒိုဆွမ်းက ပြောပါတယ်။ နိုင်ငံသား အားလုံးဟာ သူတို့နေတဲ့နိုင်ငံရဲ့ တည်ဆဲဥပဒေတွေကို လိုက်နာရပါမယ်၊ ဂျာနယ်လစ်တွေရဲ့ လုပ်ဆောင်မှုဟာလည်း ဥပဒေဘောင်ထဲက ဖြစ်ဖို့ အရေးကြီးပါတယ်လို့ သူက ဆက်လက် ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)