
0
257




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုက္ခသည်အရေးမှာ လုံခြုံရေးကောင်စီ ကြားဝင်လုပ်ဆောင်ဖို့ ပျက်ကွက်တယ်လို့ အမေရိကန် ပြော

ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာတဲ့ ဒုက္ခသည်တွေ အရေးမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ကြားဝင်ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီ ဟာလေက ပြစ်တင်ဝေဖန်လိုက်ပါတယ်။

မြန်မာအစိုးရကို ကမ္ဘာက စောင့်ကြည့်နေတယ်လို့လည်း မနေ့က ဖေဖော်ဝါရီ ၁၃ မှာ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ နစ်ကီ ဟာလေက ပြောပါတယ်။ အဲဒီ လုံခြုံရေးကောင်စီ အစည်းအဝေးကို အမေရိကန်၊ ပြင်သစ်၊ နယ်သာလန်၊ ကာဇက်စတန် အပါအဝင် နိုင်ငံ ၇ နိုင်ငံက ခေါ်ယူတာ ဖြစ်ပါတယ်။

အစည်းအဝေးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒုက္ခသည်စခန်းတွေက ၇ သိန်းနီးပါးရှိတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)