စာရြက္စာတမ္း အတုနဲ႔ ျမန္မာဘက္က ဝင္လာတဲ့ ထိုင္ဝမ္ႏွစ္ဦးကို ထိုင္းရဲ ဖမ္းဆီး

0
326

စာရြက္စာတမ္းအတုေတြ ကိုင္ေဆာင္ၿပီး ျမန္မာႏိုင္ငံဘက္ကေန ထိုင္းႏိုင္ငံကို နယ္စပ္က ျဖတ္လာတဲ့ ထိုင္ဝမ္ႏိုင္ငံသား ႏွစ္ဦးကို ထိုင္းရဲက ဖမ္းဆီးထားေၾကာင္း မေန႔က ေဖေဖာ္ဝါရီ ၁၃ ရက္ေန႔မွာ အတည္ျပဳပါတယ္။

ထိုင္ဝမ္ ႏိုင္ငံသား ဟြမ္နဲ႔ ခ်င္ဆိုသူ ႏွစ္ဦးဟာ ေဖေဖာ္ဝါရီလ ၉ ရက္ေန႔မွာ ထိုင္းႏိုင္ငံကို ေရာက္ရွိလာၿပီး ျမန္မာႏိုင္ငံဘက္ကို သြားေရာက္ခဲ့ပါတယ္။ ထိုင္းႏိုင္ငံကို နယ္စပ္ၿမိဳ႕ မယ္ဆိုင္ကေန ကားနဲ႔ ျပန္ဝင္ရာမွာ နယ္စပ္ျဖတ္ေက်ာ္ဝင္ခြင့္ စာရြက္စာတမ္းေတြက အတုျဖစ္ေနလို႔ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွာ ထိုင္းရဲက ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

ထိုင္ဝမ္ႏိုင္ငံသား ႏွစ္ဦးနဲ႔ အတူလိုက္လာတဲ့ ျမန္မာတစ္ဦးကိုလည္း ဖမ္းဆီးထားၿပီး သူတို႔ကို လာဘ္ေပးဖို႔ ႀကိဳးစားတယ္လို႔ စြပ္စြဲထားပါတယ္။ ထိုင္းရဲက စာရြက္စာတမ္း အတုလုပ္တဲ့ ကြန္ရက္နဲ႔ ပတ္သက္ေနလိမ့္မယ္ သံသယရွိေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စာရွက်စာတမ်း အတုနဲ့ မြန်မာဘက်က ဝင်လာတဲ့ ထိုင်ဝမ်နှစ်ဦးကို ထိုင်းရဲ ဖမ်းဆီး

စာရွက်စာတမ်းအတုတွေ ကိုင်ဆောင်ပြီး မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံကို နယ်စပ်က ဖြတ်လာတဲ့ ထိုင်ဝမ်နိုင်ငံသား နှစ်ဦးကို ထိုင်းရဲက ဖမ်းဆီးထားကြောင်း မနေ့က ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အတည်ပြုပါတယ်။

ထိုင်ဝမ် နိုင်ငံသား ဟွမ်နဲ့ ချင်ဆိုသူ နှစ်ဦးဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ထိုင်းနိုင်ငံကို ရောက်ရှိလာပြီး မြန်မာနိုင်ငံဘက်ကို သွားရောက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံကို နယ်စပ်မြို့ မယ်ဆိုင်ကနေ ကားနဲ့ ပြန်ဝင်ရာမှာ နယ်စပ်ဖြတ်ကျော်ဝင်ခွင့် စာရွက်စာတမ်းတွေက အတုဖြစ်နေလို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ထိုင်းရဲက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံသား နှစ်ဦးနဲ့ အတူလိုက်လာတဲ့ မြန်မာတစ်ဦးကိုလည်း ဖမ်းဆီးထားပြီး သူတို့ကို လာဘ်ပေးဖို့ ကြိုးစားတယ်လို့ စွပ်စွဲထားပါတယ်။ ထိုင်းရဲက စာရွက်စာတမ်း အတုလုပ်တဲ့ ကွန်ရက်နဲ့ ပတ်သက်နေလိမ့်မယ် သံသယရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)