ဒုကၡသည္ေတြ ျပန္ေခၚေရး ျမန္မာကို ဖိအားေပးဖို႔ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ ေတာင္းဆို

0
319

ႏိုင္ငံတကာ အသိုင္းအဝိုင္းက ျမန္မာႏိုင္ငံကို ဖိအားေပးျခင္းအားျဖင့္ ဒုကၡသည္စခန္းေတြမွာ ရွိတဲ့ ဒုကၡသည္ေတြကို ျပန္ေခၚဖို႔ တြန္းအားျဖစ္လိမ့္မယ္လို႔ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ ရွိတ္ခ္ ဟာစီနာက ေျပာပါတယ္။

ဗာတီကန္ စီးတီးမွာ ေဖေဖာ္ဝါရီ ၁၂ ရက္ေန႔က ဗာတီကန္ အတြင္းေရးမႉး ကာဒီနယ္ ေပထ႐ို ပါ႐ိုလင္နဲ႔ ေတြ႔ဆံုစဥ္ ဝန္ႀကီးခ်ဳပ္ ရွိတ္ခ္ ဟာစီနာက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။ ျပႆနာ ရင္းျမစ္က ျမန္မာျပည္ဘက္မွာ ရွိေနေၾကာင္း၊ ဒါေၾကာင့္ အေျဖကို အဲဒီမွာပဲ ရွာရမွာျဖစ္ေၾကာင္း ရွိတ္ခ္ ဟာစီနာက ေျပာပါတယ္။

အဲဒါေၾကာင့္ သေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ဖို႔ တာဝန္ယူမႈ ျမန္မာဘက္က ပိုရွိရမယ္လို႔ ရွိတ္ခ္ ဟာစီနာက ဗာတီကန္မွာ ေျပာခဲ့ပါတယ္။ ေနရပ္ျပန္သူေတြကို လက္ခံဖို႔ ျမန္မာဘက္က အသင့္ျဖစ္ၿပီလို႔ ေျပာထားၿပီး ျဖစ္ေပမယ့္ ဘဂၤလားေဒ့ရွ္က အခုအထိ ျပန္ပို႔ေပးႏိုင္ျခင္း မရွိေသးပါဘူး။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုက္ခသည်တွေ ပြန်ခေါ်ရေး မြန်မာကို ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် တောင်းဆို

နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံကို ဖိအားပေးခြင်းအားဖြင့် ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ ဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ တွန်းအားဖြစ်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာက ပြောပါတယ်။

ဗာတီကန် စီးတီးမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဗာတီကန် အတွင်းရေးမှူး ကာဒီနယ် ပေထရို ပါရိုလင်နဲ့ တွေ့ဆုံစဉ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ပြဿနာ ရင်းမြစ်က မြန်မာပြည်ဘက်မှာ ရှိနေကြောင်း၊ ဒါကြောင့် အဖြေကို အဲဒီမှာပဲ ရှာရမှာဖြစ်ကြောင်း ရှိတ်ခ် ဟာစီနာက ပြောပါတယ်။

အဲဒါကြောင့် သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ တာဝန်ယူမှု မြန်မာဘက်က ပိုရှိရမယ်လို့ ရှိတ်ခ် ဟာစီနာက ဗာတီကန်မှာ ပြောခဲ့ပါတယ်။ နေရပ်ပြန်သူတွေကို လက်ခံဖို့ မြန်မာဘက်က အသင့်ဖြစ်ပြီလို့ ပြောထားပြီး ဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ်က အခုအထိ ပြန်ပို့ပေးနိုင်ခြင်း မရှိသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)