မလေးရှား အထောက်အပံ့သင်္ဘော ဘင်္ဂလားဒေ့ရှ်ကို ဆိုက်ရောက်

0
291

မလေးရှားနိုင်ငံက ပို့ဆောင်လိုက်တဲ့ အထောက်အပံ့သင်္ဘောဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ကို ရောက်ရှိပြီး အာဏာပိုင်တွေကို အထောက်အပံ့တွေ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အဲဒီ အထောက်အပံ့သင်္ဘောဟာ မြန်မာနိုင်ငံကို လာရောက်ပြီး ရခိုင်ပြည်နယ်က အသိုင်းအဝိုင်းနှစ်ခုအတွက် အထောက်အပံ့တွေ ပေးအပ်ပြီးနောက်မှာ ဘင်္ဂလားဒေ့ရှ်ကို ခုလို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ ကိုယ်စားလှယ်တစ်ဦးကတော့ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီတွေအတွက် အစားအစာနဲ့ အရေးပေါ် အထောက်အပံ့ပစ္စည်း တန် ၂၀၀၀ လောက် ပေးသွားမှာလို့ ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှာ ၂၀၁၆ အောက်တိုဘာ ၉ ရက်နေ့က နယ်ခြားစောင့်စခန်း အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတဲ့ ဘင်္ဂါလီတွေရှိတယ်လို့လည်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် အခုလအတွင်း ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အစီအရင်ခံစာတစ်စောင်မှာ မြန်မာ လုံခြုံရေးတပ်ဖွဲ့တွေက ဘင်္ဂါလီတွေကို သတ်ဖြတ်တာ၊ အဓမ္မကျင့်တာ၊ အိမ် မီးရှို့တာတွေ လုပ်နေတယ်လို့လည်း စွပ်စွဲထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)