မြဝတီမှာ ကလေးငယ်နှစ်ဦး မီးဆော့ကစားရာကနေ မီးလောင်မှုဖြစ်

0
333

ကရင်ပြည်နယ် မြ၀တီမြို့ အမှတ်(၂)ရက်ကွက်ထဲမှာ ဖေဖော်ဝါရီလ(၁၃)ရက်နေ့က ကလေးငယ်နှစ်ဦး မီးခြစ်ဆော့ကစားရာကနေ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်ရာမှာ ဒေါ်စကီနာပိုင်ဆိုင်တဲ့ (၆) ခန်းတွဲတန်းလျား(၁)ခု၊ သစ်သားလုံးချင်းအိမ်( ၁ )လုံး၊ ဦးခင်မောင်အေး (ခ)မူတူးပိုင်ဆိုင်တဲ့ (၆) ခန်းတွဲတန်းလျား (၁)ခု၊ သစ်သားလုံးချင်းအိမ် ၁ လုံး၊ ခြံပိုင်ရှင် ဦးအောင်သန်းတင်ပိုင်ဆိုင်တဲ့ ခြံထဲမှာ ဆောက်လုပ်နေထိုင်နေတဲ့ ဦးကျော်ဦးရဲ့ သစ်သားလုံးချင်းအိမ် (၁ )လုံးတို့ မီးလောင်ကျွမ်းခဲ့တာလည်းဖြစ်ပါတယ်။

မြဝတီမြို့မရဲစခန်းက မီးစတင်လောင်ကျွမ်းစေခဲ့တဲ့ ဦးဇော်မင်းသက်ကို ပြစ်မှုပုဒ်မ (ပ) ၁၁၂/ ၁၇ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)