ဂျာမဏီနိုင်ငံသားတွေပါဝင်တဲ့ အဖွဲ့ မြန်မာနိုင်ငံအတွင်း ၀င်ရောက် လည်ပတ်မယ်

0
291

ဂျာမဏီနိုင်ငံသာများပါဝင်တဲ့အဖွဲ့ဟာ မြန်မာနိုင်ငံအတွင်းလည်ပတ်ဖို့ မြ၀တီ-မဲဆောက်ဝင်ထွက်ဂိတ်မှ ထွက်ခွာလာကြပြီ ဖြစ်ပါတယ်။

အဲဒီအဖွဲ့ကို မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ ချုပ်ဆိုထားတဲ့ နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ် အရ ဖွင့်လှစ်ထားတဲ့ မြန်မာ-ထိုင်းနယ် စပ်ဂိတ်တွေမှာ နိုင်ငံခြားသား လူဝင်/လူထွက်တွေနဲ့ ပတ်သက်ပြီး လုပ်ငန်းတိုးမြှင့်ဆောင်ရွက်တဲ့ အနေနဲ့ နိုင်ငံကူးလက်မှတ်နဲ့ ဗီဇာပါရှိတဲ့ ထိုင်းနိုင်ငံသား တွေနဲ့ တတိယနိုင်ငံသားတွေ ၀င်ရောက်လည်ပတ်ခွင့်ကို ၂၀၁၃ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့မှ စတင်ပြီး ခွင့်ပြုပေးခဲ့တာပါ။

အဲဒီအဖွဲ့ဟာဒီကနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က Diethelm Travel Myanmar Tourism Co,Ltd ရဲ့အစီအစဉ်နဲ့ ဂျာမဏီနိုင်ငံ သားဧည့်သည် Mr.Helge Hugo Lehmann ဦးဆောင်တဲ့ ဂျာမဏီနိုင်ငံ သားတွေ ပါဝင်တဲ့ အဖွဲ့ဝင် ၉ ဦးဟာသူတို့ရဲ့ကိုယ်ပိုင် မော်တော်ယာဉ် ၄ စီးနဲ့ မြ၀တီ-မဲဆောက် ၀င်ထွက်ဂိတ်မှ ၀င်ရောက်ပြီး မြ၀တီမှ ဘားအံ၊ တောင်ငူ၊ အင်းလေး၊ ပင်းတယ၊ မန္တလေး၊ ပုဂံ၊ ပုပ္ပါး၊ မကွေး၊ ပြည်၊ ငပလီ ခရီးစဉ်တွေကို သွားရောက်လည်ပတ် ကြမှာဖြစ် ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)