စတုတ္ထအကြိမ်မြောက် မြန်မာ-ဂျပန် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်

0
234

စတုတ္ထအကြိမ်မြောက် မြန်မာ-ဂျပန် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲကို နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျနဲ့ ဂျပန်နိုင်ငံခြား ရေးဝန်ကြီးဌာနရဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ သံအမတ်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ ကိုအိချိမိဇုရှိမ တို့က ပူးတွဲ သဘာပတိတွေအဖြစ် ဆောင်ရွက်ခဲ့ကြတာပါ။

အဲဒီအခမ်းအနားမှာ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေရဲ့ နှစ်ဖက် ချမှတ် ကျင့်သုံးနေတဲ့ မူဝါဒတွေ၊ အလေ့အထတွေနဲ့ နိုင်ငံတကာ အစည်းအဝေးတွေမှာ မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)