မိုးညှင်းမြို့မှာ တရားမ၀င် သယ်ဆောင်လာတဲ့ ကျောက်စိမ်းတုံးတွေ ဖမ်းဆီးရမိ

0
338

ကချင်ပြည်နယ်၊ မိုးညှင်းမြို့အနီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ ကျောက်စိမ်းတူးဖော်ရေး ဌာနခွဲ (မိုးညှင်း)မှတာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မော်တော်ယာဉ်တွေကို သတင်းအရရှာဖွေရာမှာ တရားမ၀င်သယ်ဆောင်လာတဲ့ ကျောက်စိမ်းတုံးတွေကိုဖမ်းဆီးရမိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက် ည ၈ နာရီက ဖားကန့်ဒေသမှ နန့်ယား-မိုးကောင်း-မိုးညှင်းလမ်းကြောင်း အတိုင်း မန္တလေးဘက်ကို ယာဉ်မောင်း ရှစ်ဦး၊ ယာဉ်နောက် လိုက် ၁၇ ဦးတို့မောင်းနှင်စီးနင်းလိုက်ပါလာတဲ့ ခြောက်ဘီးယာဉ် ငါးစီး၊ ၁၀ ဘီးယာဉ် နှစ်စီးနှင့် ၁၂ ဘီးယာဉ်တစ်စီးတို့ကို ရပ်တန့်စစ်ဆေးရာ ယာဉ်တွေပေါ် မှ တရားမ၀င်တင်ဆောင်လာတဲ့ ကျောက်စိမ်းအရိုင်းတုံး ခန့်မှန်းအလေးချိန်တန် ၂၀ ခန့်ကို ရှာဖွေတွေ့ရှိဖမ်းဆီးရမိခဲ့တာပါ။

အဲဒီဖမ်းဆီးရမိသူ တွေ၊ တရားမ၀င် ကျောက်စိမ်းတုံးတွေနဲ့ ယာဉ်တွေကို မိုးညှင်းမြို့နယ်ရဲစခန်းကို စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)