ကံမော်မှာ လူသတ်မှု တစ်ခု ဖြစ်ပွား

0
309

အကော်ဇေယျာအုပ်စု၊ ဥယာဉ်ကြီးကျေးရွာခွဲမှာ မိုင်းသွေးကျေးရွာ ဖေဖော်ဝါရီလ (၁၂)ရက်နေ့က လူသတ်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။

အသတ်ခံရတဲ့ သူမှာ ဦးသန်းဦး (၃၈) နှစ်၊ ရေရောင်း လုပ်ငန်းလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး မစန်းမူရဲ့ လက်ဖက်ရည်ဆိုင်ထဲမှာ မှောက်ခုံအနေအထားနဲ့ ဦးခေါင်းထိပ်ပြတ်ရှဒဏ်ရာတစ်ချက်၊ မျက်လုံး နှစ်ဖက် တည့်တည့် ပြတ်ရှဒဏ်ရာတစ်ချက်၊ ၀ဲ/ယာပုခုံးနှစ်ဖက်လုံး ပြတ်ရှဒဏ်ရာတစ်ချက်၊ ယာလက်မောင်း အရိုးကျိုး ပြတ်ရှဒဏ်ရာတစ်ချက်၊ ယာနောက်ကျောပြင် ပြတ်ရှဒဏ်ရာ တစ်ချက်၊ေ ခြေတကောက်ကွေးပြတ်ရှဒဏ်ရာ တစ်ချက် စုစုပေါင်းဓားဒဏ်ရာ ခြောက်ချက်နဲ့ အတူ သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

တစ်ရွာထဲနေ ကိုငတောက်(ခ)ကိုသက်ဝေဦး (၂၈)နှစ်သည်၊ ဂဏန်းချီးပုန်း ကောက်လုပ်ငန်းလုပ်ကိုင်သူ တစ်ဖြစ်ပြီး သူ့ရဲ့ဇနီးဖြစ်သူနဲ့ စကားများ ရန်ဖြစ်နေတာကို အသတ်ခံခဲ့ရတဲ့ ဦးသန်းဦးက ၀င်ရောက်ဖြန်ဖြေ ပေးခဲ့တာကို မကျေနှပ်လို့ မစန်းမူ လက်ဖက်ရည်ဆိုင်မှာ ဦးသန်းဦးက လက်ဖက်ရည် သောက်နေချိန်မှာ ကိုငတောက်က နောက်ကလိုက်လာပြီး ဓားနဲ့အကြိမ်ကြိမ် ခုတ်သတ်ခဲ့တာလည်းဖြစ်ပါတယ်။

အသတ်ခံခဲ့ရသူ ဦးသန်းဦးရဲ့ ညီမ မခိုင်လင်းဆုက ကံမော်နယ်မြေရဲစခန်းကို တိုင်တန်းခဲ့ပြီး ကံမော်နယ်မြေ ရဲစခန်းက (ပ)၆/၂၀၁၇ ပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)