ကောလင်းမှာ တောဝက်ကိုက်ခံရလို့ ဒေသခံ ရွာသားတွေ ဒဏ်ရာရရှိ

0
667

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် မြောင်းကြီးကျေးရွာမှာ ဖေဖော်ဝါရီလ (၁၃)ရက်နေ့က တောဝက်တစ်ကောင်က ကျေးရွာသားတွေကို ကိုက်ခဲ့တဲ့ အတွက် ဒဏ်ရာတချို့ ရရှိသွားခဲ့ပါတယ်။

အဲဒီတောဝက်ဟာဆိုရင် ဖေဖော်ဝါရီလ(၁၃)ရက်နေ့ မနက်(၈)နာရီလောက်မှာ ရွာအနီး ယာခင်းထဲမှာ ပေါင်းရှင်းနေတဲ့ တောင်သူ(၃)ဦးကို ရုတ်တရက် ၀င်ရောက်ကိုက်ခဲ့ပြီး တောဝက်နဲ့ နပန်းလုံးထွေး သတ်ပုတ်ခဲ့တဲ့ လူတချို့ ဒဏ်ရာရခဲ့တာလည်း ဖြစ်ပါတယ်။

တောဝက်ကို ဒေသခံရွာသား(၅၀)ကျော်ခန့်က ၀ိုင်းဝန်းပြီး အသေသတ်နိုင်ခဲ့ပြီး ဦးသန်းအောင်၊ မယဉ်ယဉ်ထွေးတို့မှာ ပေါက်ပြဲဒဏ်ရာတွေနဲ့အတူ တာကျေးရွာ က ဦးစိုးသိန်းလည်း ဒဏ်ရာပြင်းထန်ခဲ့တဲ့အတွက် ကောလင်းမြို့ ပြည်သူ့ဆေးရုံမှာဘဲ ဆေးကုမှု ခံယူနေရတယ်လို့လည်း ဒေသခံ ရွာသား တွေရဲ့ ပြောချက်အရ သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)