တရားမ၀င် သစ်တွေ သယ်ဆောင်လာတဲ့ လှေတစ်စင်း ဖမ်းဆီးရမိ

0
279

ဟိုင်းကြီးကျွန်းမြို့အနီးရှိ မြန်မ့ာပင်လယ်ပြင်အတွင်း တရားမ၀င်သစ်တွေ သယ်ဆောင်လာတဲ့ လှေတစ်စင်းကို ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီလှေကို တပ်မတော် (ရေ မှ စစ်ရေယာဉ်နဲ့ ပင်လယ်ပြင် လုံခြုံရေးဆောင်ရွက်စဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက် ၈ နာရီ ၄၅ မိနစ်ခန့်က ဟိုင်းကြီးကျွန်းရဲ့ အနောက်မြောက် ဘက်ရေမိုင် ၁၈ မိုင်ခန့်အကွာရှိ မြန်မာ့ရေပိုင်နက် အတွင်းမှာ ဖမ်းဆီးရမိခဲ့တာပါ။

အဲဒီလှေပေါ်မှာ အမျိုးသားလေးဦးနဲ့ တရားမ၀င် အခြားသားဆိုဒ်စုံ ၈ တန်ခန့်နဲ့ အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အဲဒီဖမ်းဆီးရမိသူတွေနဲ့ သစ်နဲ့လှေကို ဟိုင်းကြီးကျွန်းမြို့နယ် ရဲစခန်းနဲ့ သစ်တောဦးစီးဌာနကို စနစ်တကျ လွှဲပြောင်းအပ်နှံသွားမှာဖြစ်ပါတယ်.။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)