မောင်တော နယ်ခြားစောင့်စခန်း တိုက်ခိုက်ခံရမှုမှာ ပါဝင်သူတစ်ဦးကို သေဒဏ်ချမှတ်

0
331

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်က နယ်ခြားစောင့်စခန်းကို ၂၀၁၆ အောက်တိုဘာလက အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူတစ်ဦးကို တရားရုံးက သေဒဏ် ချမှတ်လိုက်ပါတယ်။

သေဒဏ်ချမှတ်ခံရသူဟာ အူးရူးမား(ခ) မာမတ်နူရ်(ခ) အူလာလို့ အမည်ရပြီး ကိုးတန်ကောက် နယ်ခြားစောင့်စခန်းကို တိုက်ခိုက်ရာမှာ ပါဝင်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရတာပါ။

ပြစ်ဒဏ်ချမှတ်ခံရသူ အူးရူးမားဟာ အောက်တိုဘာ ၉ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ၁၄ ဦးထဲမှာ ပထမဆုံး ပြစ်ဒဏ်ချမှတ်ခံရသူဖြစ်ပြီး ကျန် ၁၃ ဦးကိုတော့ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှာ ကျီးကန်ပြင်၊ ကိုးတန်ကောက်နဲ့ ငါးခူရရွာတွေက နယ်ခြားစောင့် ရဲစခန်း သုံးခု အကြမ်ဖက်စီးနင်းတိုက်ခိုက်သူတွေက တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးခု ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ အောက်တိုဘာ ၁၀ ရက်နေ့ကစပြီး မောင်တောမှာ ညဘက်အပြင်မထွက်ရ အမိန့်ထုတ်ထုတ်ပြန်ခဲ့ကာ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဥက္က၏အဖြစ် တာဝန်ယူတဲ့ အဖွဲ့ဝင် ၁၃ ဦးပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ ကော်မရှင်ဟာ ဇန်နဝါရီ ၄ ရက်နေ့မှာ ကြားဖြတ်အစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့ပြီး အဲဒီအစီရင်ခံစာမှာ မောင်တောတိုက်ခိုက်မှုဟာ ဒေသတွင်းမှာ လှုပ်ရှားနေတဲ့ RSO အဖွဲ့နဲ့ ဆက်စပ်မှုရှိတဲ့ Havid Tuhar ဆိုသူ ဦးဆောင်တဲ့ Aqa Mul Muhahidin အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)