ကျပ်သိန်း ၁၉၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0
295

မောင်တောမြို့နယ်အတွင်း ကျပ်သိန်း ၁၉၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိလိုက်ပါတယ်။

အဲဒီ မူးယစ်ဆေးဝါးတွေကို ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နတ်မြစ်အတွင်းမှ တပ်မတော်(ရေ )မှ စစ်ရေယာဉ်နဲ့ နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၁၂ ရက် ည ၁၀ နာရီခွဲမှာ အခုလို ဖမ်းဆီးရမိခဲ့တာပါ။

အဲဒီဖမ်းဆီးမှုဟာမောင်တောမြို့ရဲ့အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာ ကမ်းစပ်အနီးမှာ မသင်္ကာဖွယ် လှေတစ်စင်းကို တွေ့ရှိပြီး သွားရောက် စစ်ဆေး ရာ လှေပေါ်မှ ဆာလာအိတ်နဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅၀၀ပြား ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁၉၅၀ ခန့်) ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)