နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ ဗြိတိန်လွှတ်တော်အမတ် တို့ တွေ့ဆုံ

0
266

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်လွှတ်တော်အမတ် Ms. Rushanara
Ali MP ဦးဆောင်သောအဖွဲ့က ဒီကနေ့မနက် ၁၁း၁၅ အချိန်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ ဧည့်ခန်းမမှာ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီလို တွေဆုံရာမှာ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး တို့နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာပါ။

ဒါ့အပြင် မြန်မာနိုင်ငံရှိ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အရည်အသွေးမြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)