သက်တမ်းကြာနေတဲ့ လေယာဉ်တွေ နေရာမှာ အစားထိုးနိုင်ဖို့ ATR (72-600) XY-AMK လေယာဉ်သစ် ရောက်ရှိ

0
476

နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်တဲ့ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)က ပြင်သစ် နိုင်ငံ အဲဘတ်စ်ကုမ္ပဏီ လက်အောက်ရှိ ATR လေယာဉ် ကုမ္ပဏီမှ မှာယူခဲ့တဲ့ ခြောက်စင်း မြောက် ATR (72-600) XY-AMK လေယာဉ်ဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က ရောက်ရှိလာခဲ့ပါတယ်။

အဲဒီလေယာဉ်ကို လွန်ခဲ့တဲ့ သုံးနှစ်က မှာယူခဲ့တာပါ။ လက်ရှိမှာပြင်သစ်နိုင်ငံ အစိုးရနဲ့ မြန်မာနိုင်ငံတို့အကြား သဘောတူ ထောက်ခံချက်တွေရယူပြီး ကနေဒါ ဘဏ်ကနေ ချေးငွေရယူ ကာ မြန်မာအမျိုးသား လေကြောင်းလိုင်းမှာ သက်တမ်းကြာနေတဲ့ လေယာဉ်တွေနေရာမှာ အစားထိုးနိုင်ဖို့ လေယာဉ် သစ်ခြောက်စင်း ဝယ်ယူခဲ့တာဖြစ်ပါတယ်။

မြန်မာအမျိုးသားလေကြောင်းလိုင်းကို ပြည်တွင်း ၂၈ မြို့နဲ့ ပြည်ပ စင်ကာပူ၊ ဗန်ကောက်၊ ဟောင်ကောင်၊ ဗုဒ္ဓဂယာ၊ ချင်းမိုင်မြို့တွေကို ပြေးဆွဲလျက်ရှိပြီး မကြာမီ ဂျပန်နိုင်ငံ ကိုဘေးမြို့ တို့ကို ပြေးဆွဲသွားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)