မဲဆောက်မြို့မှာ မြန်မာနိုင်ငံ ကလေးများနေ့ ကျင်းပ

0
338

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ Social Action for Children and Women – SAWမှာ ဖေဖော်ဝါရီ(၁၃)ရက်နေ့က မြန်မာနိုင်ငံ ကလေးများနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခုလို မြန်မာနိုင်ငံကလေးများနေ့ ကျင်းပလာခဲ့တာဟာ ဆိုရင်(၁၂)ကြိမ်မြောက်ဖြစ်ပြီး ကလေးများအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မူ စိတ်ဓာတ်ကို အတုယူနိုင်ဖို့ ဗိုလ်ချုပ်အောင်ဆန်းဟာ ကျောင်းသားဘ၀ကစတင်ပြီး တိုင်းပြည်နဲ့ လူထုအပေါ် စေတနာထားစိတ် ချစ်မြတ်နိုးစိတ် ရိုးသားပွင့် လင်းမူ သတ္တိရှိမူတွေ စာနာတတ်မူတွေကို နောက်မျိုးဆက်တွေ သိရှိနားလည်စေရန်အတွက် ရည်ရွယ်ပြီး ကျင်းပခဲ့တာလို့ Social Action for Children and Womenရဲ့အမှုဆောင်ဒါရိုက်တာ မအေးအေးမာက ပြောပါတယ်။

မြန်မာနိုင်ငံ ကလေးများနေ့မှာ အားကစား၊ ပန်းချီ၊ စာစီစာကုံး နဲ့ လူမူရေးရာ ထူးချွန်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ဂုဏ်ပြုမှတ်တမ်း နဲ့ ဆုတွေ ပေးအပ်ခဲ့ကြပြီး ကလေးငယ်(၂၀၀)ကျော်က တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)