ကသာမြို့မှာ စစ်ကျန်ဗုံးသီးဟောင်း တွေနဲ့ ကျည်ဆံများ တွေ့ရှိ

0
274

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့ စစ်ဝင်းဆိပ် တာရိုးလမ်း တောင်ဆင်းနေရာမှာ ဒီကနေ့ ဖေဖော်ဝါရီ (၁၄)ရက်နေ့က စစ်ကျန်ဗုံးသီးဟောင်း တွေနဲ့ ကျည်ဆံတွေ အများအပြားတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

အခုလို တွေ့ရှိခဲ့တဲ့ စစ်ကျန်ဗုံးသီးဟောင်းတွေနဲ့ ကျည်ဆံတွေ တွေ့ရှိခဲ့တဲ့နေရာဟာဆိုရင် အင်္ဂလိပ်တွေ စစ်စခန်းချသွားတဲ့ နေရာတစ်ခုဖြစ်တယ်လို့ ကသာ ဒေသခံတွေ ပြောပါတယ်။

အဲဒီ စစ်ကျန်ဗုံးသီးဟောင်းတွေနဲ့ ကျည်ဆံတွေ့တဲ့နေရာကို မြို့နယ်စည်ပင်သာယာရေး ဌာနကနေ လမ်းချဲ့ရာက စတင်တွေ့ရှိခဲ့ကြပြီး ဗုံးသီးဟောင်း(၁၁)လုံးနဲ့ ကျည်ဆန်ကပ်တွေ အများအပြားတွေ့ရှိပြီး အဲဒီနေရာကို တာဝန်ရှိသူတွေ ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ နယ်မြေခံတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)