တရုတ်-မြန်မာ နှစ်နိုင်ငံ ဂေဟဗေဒ သဘာဝပတ်ဝန်းကျင် မှတ်တမ်းရုပ်ရှင် စတင်ရိုက်ကူး

0
19

တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြား ဂေဟဗေဒဆိုင်ရာ သဘာဝပတ်ဝန်းကျင် မှတ်တမ်းရုပ်ရှင်ကို စတင်ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

တရေတည်း သောက်လို့ အမည်ရတဲ့ “Drink From the Same River” မှတ်တမ်းရုပ်ရှင်ဟာ ဂရန်း ယင်ကျီယန်၊ ရွှေလီနဲ့ ဧရာဝတီ မြစ်တွေ တလျှောက် နေထိုင်သူတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေ သဟဇာတဖြစ်စွာ အတူပူးတွဲ နေထိုင်ကြပုံကို မှတ်တမ်းတင်မှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဒေဟွန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့ဆက်ဆံရေးဌာနက ပြောပါတယ်။



တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံကြား ဂေဟဗေဒဆိုင်ရာ သဘာဝပတ်ဝန်းကျင် မှတ်တမ်းရုပ်ရှင်ကို စတင်ရိုက်ကူးနေပြီ ဖြစ်ပါတယ်။

တရေတည်း သောက်လို့ အမည်ရတဲ့ “Drink From the Same River” မှတ်တမ်းရုပ်ရှင်ဟာ ဂရန်း ယင်ကျီယန်၊ ရွှေလီနဲ့ ဧရာဝတီ မြစ်တွေ တလျှောက် နေထိုင်သူတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေ သဟဇာတဖြစ်စွာ အတူပူးတွဲ နေထိုင်ကြပုံကို မှတ်တမ်းတင်မှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဒေဟွန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့ဆက်ဆံရေးဌာနက ပြောပါတယ်။

ယူနန်ပြည်နယ်ရှိ ဂရန်း ယင်ကျိယန်နဲ့ ရွှေလီမြစ်တို့ဟာ မြန်မာနိုင်ငံ၊ ဧရာဝတီမြစ်ရဲ့ အထက်ပိုင်းမှာ ရှိပါတယ်။ မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှုတွေကို မန္တလေးမြို့မှာ ဇန်နဝါရီလ ၁၁ ရက်နေ့က စတင်ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ကို ဒေဟွန်း ပြည်သူ့ဆက်ဆံရေးဌာန၊ ရွှေသံလွင် မီဒီယာ ကုမ္ပဏီနဲ့ ယူနန် မီဒီယာ ဂရု (ပ်) တို့က ပူးတွဲထုတ်လုပ်မှာပါ။ ၂၀၂၀ ပြည့်နှစ်ဟာ တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ထူထောင်တဲ့ နှစ် ၇၀ ပြည့် ဖြစ်ပါတယ်။