ဒုတိယအကြိမ် ၂၁ ရာစုပင်လုံက ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထိခိုက်စေတယ်လို့ UNFC ပြောဆို

0
338

လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံညီလာခံဟာ NCA နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်စေတယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက သတင်းထုတ်ပြန်လိုက်ပါတယ်။

15541296_719013604913926_3145034314691652925_n

ဒီဇင်ဘာလ ၁၃ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး လက်ရှိ အန်အယ်လ်ဒီအစိုး ရသစ်ဟာ အာလုံးပါဝင်မှုမရှိတဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ မဆောင်တဲ့ NCA ကို အမွေဆက်ခံပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တပ်မတော်က ထိုးစစ်ဆင်နေတာကို ဖြေရှင်းဖို့မကြိုးစားဘဲ နောက် တစ်ကြိမ် ငြိမ်းချမ်းရေးညီလာခံကျင်းပဖို့သာ ဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။

စိတ်ရှည်သည်းခံပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကို ဖိတ်ခေါ်နေတယ်လို့ အစိုးရက ပြောနေပေမယ့် လက်တွေ့မှာ အားလုံးပါဝင်နိုင်တဲ့ အခြေအနေကို ပြင်ဆင် လုပ်ဆောင်ခြင်းမရှိဘူးလို့ UNFC က ပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)