ရခိုင်အခြေအနေက ပြည်တွင်း၊ပြည်ပက စိတ်ဝင်စား နေတာကြောင့် အားလုံး လက်ခံနိုင်မဲ့ အစီရင်ခံ တင်သွင်းမှာဖြစ်

0
264

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကို နိုင်ငံတကာ ကရော၊ နိုင်ငံအတွင်းကပါ စိတ်စားနေတာ ဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်
စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ အားလုံးလက်ခံနိုင်မယ့် အစီရင်ခံစာ တင်သွင်းဖို့ကြိုးစားသွာမှာဖြစ်တယ်လို့ ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ အောင်ထွန်းသက်ကပြောပါတယ်။

15497697_1029551617171852_25642503_n

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်က မောင်တောမြို့နယ်ထဲမှာ နှစ်ရက်ကြာ စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်ပြီးချိန်မှာ အခုလိုပြောကြားလိုက်တာပါ။

လက်ရှိ အနေအထားမှာ သတင်းအချက်လက် အကုန်လုံးကို စုဆောင်းပြီး ခိုင်မာတိကျမှု ဘယ်လောက်ရှိ တယ်ဆိုတာ လေ့လာရကြောင်း၊ Social Media က TV ထက်တန်ခိုးပိုကြီးပြီး။ FaceBook ကြည့်တဲ့လူ၊ youtub ကြည့်တဲ့သူတွေ ဆိုရင် တွေ့လိုက် မြင်လိုက်တာနဲ့ ယုံကြည်သွားကြပြီး မီဒီယာကြောင့် ကိစ္စအသေးလေးတွေဟာ အကြီးကြီးဖြစ်သွားနိုင်သလို အသေးလေးလည်း ဖြစ်သွားတတ်တယ်လို့ ဒေါက်တာအောင်ထွန်းသက်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)