တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးဖို့ လိုအပ်နေသေးတယ်လို့ ဒုသမ္မတ ပြောကြား

0
296

တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ဒေသခံပြည်သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ အမျိုးသမီးတွေနဲ့ကျောင်းသား/သူတွေ အလွန်အတိ ဒုက္ခရောက်ခဲ့ကြပြီး တိုက်ပွဲတွေမဖြစ်ပေါ်စေဖို့ တည်ငြိမ် အေးချမ်းပြီး တရားဥပဒေစိုးမိုးဖို့လိုအပ်နေသေးတယ်လို့ မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူကပြော ကြားလိုက်ပါတယ်။

15497511_1029562710504076_102514461_n

ဒုတိယသမ္မတနဲ့ အဖွဲ့ဟာ လားရှိုးအနောက်ပိုင်း ကချင်နှစ်ခြင်း အသင်းတော်ကို ရောက်ရှိပြီးစစ်ဘေးရှောင်ပြည်သူတွေနဲ့တွေဆုံချိန်မှာ အခုလိုပြောကြား လိုက်တာပါ။ လက်ရှိမှာဒေသခံ ပြည်သူတွေ ဒုက္ခရောက်ရသလို နိုင်ငံတော်က ဆောင်ရွက်ပေးလိုတဲ့ ဒေသခံဖွံ့ဖြိုးတိုးတက်ရေးတွေလည်း နှေင့်နှေးပြီး ဒေသတည်ငြိမ်အေး ချမ်းပြီးဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်နက်ကိုင်အဖွဲ့တွေသာမက ပြည်သူလူထုတစ်ရပ်လုံးကပါ ပါဝင်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်၊

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)