အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းလိုက်ဖို့ စီစဉ်ခဲ့တယ်ဆိုတာ သစ္စာဆိုရဲလားလို့ ဦးညီညီ မေးခွန်းထုတ်

0
316

အသက်အန္တရာယ်လုပ်ကြံခံရမှု အခြေအနေနဲ့ပတ်သက်ပြီး ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားစဉ် အခင်းဖြစ်နေရာကို ချက်ချင်းသွားရောက်ဖို့ စီစဉ်ခဲ့တယ်လို့ သတင်းထုတ်တာခဲ့တာနဲ့ ပတ်သက်ပြီး အဲဒီလိုမျိုး တကယ်စီစဉ်ခဲ့တယ်ဆိုတာ ပြည်သူတွေ့ရှေ့မှာ သစ္စာဆိုရဲသလားလို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက မေးခွန်းထုတ် လိုက်ပါတယ်။

police

ဒီဇင်ဘာလ ၁၃ ရက်နေ့ ဒီကနေ့မှာ Yangon Police လူမှုကွန်ရက်စာမျက်နှာက တာဝန်ကြပ် ရဲတပ်ဖွဲ့ဝင်များက ဖုန်းသတင်း(၂)ကြိမ်တိတိ ပေးပို့လာခဲ့သဖြင့် စခန်းမှူးထံ သတင်းပေးပို့တင်ပြပြီး အခင်းဖြစ် နေရာသို့ ချက်ချင်းသွားရောက်မည်ပြုစဉ်လို့ သတင်းထုတ်ခဲ့တာနဲ့ ပတ်သက်ပြီး ဦးညီညီကို MCN သတင်း ဌာနက သီးခြားဆက်သွယ်မေးမြန်းစဉ် အခုလိုပြောဆိုခဲ့တာပါ။

ဒါ့အပြင် ရဲစခန်းဝင်းတံခါးပိတ်ထားရတာနဲ့ ပတ်သက်ပြီး အခု ဖုန်းအကြိမ်ကြိမ်ဆက်ပြီး အကြောင်းကြားခဲ့ချိန်မှာ ရဲစခန်းအနေနဲ့ ဂိတ်တံခါးမှာတာဝန်ကျတဲ့ ကင်းတာဝန်ကျတဲ့ ရဲတပ်ဖွဲ့တွေကို အသိပေးအကြောင်းကြားထားမျိုး ဦးစွာလုပ်ဆောင်ထားသင့်တယ်လို့ ဦးညီညီက ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)