လွှတ်တော်ကိုယ်စားလှယ် အကူအညီ တောင်းခံချိန် တံခါးပိတ် ထားရခြင်းမှာ ရဲစခန်း လုံခြုံရေး အရဟုဆို

0
312

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက အသက် အန္တရာယ်ပြုလုပ်ကြံခံရစဉ် ရဲစခန်းကို အကူအညီတောင်းခံခဲ့ချိန်မှာ ရဲစခန်းဝင်းတံခါးကို ပိတ်ထားရခြင်းမျာ ရဲစခန်းလုံခြုံရေး၊ တပ်ဖွဲ့ဝင်မိသားစုများ လုံခြုံရေးအရ ပိတ်ထားရတာဖြစ်တယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

police

အဲဒီသတင်းကို Yangon Police လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ထုတ်ပြန်လိုက်တာဖြစ်ပြီး တံခါးအနီး ရှေ့ဂိတ်ကင်းမှာ ကင်းတာဝန်ကျ တပ်ဖွဲ့ဝင်တွေ စောင့်ကြပ်နေတယ်လို့ ရေးသားထားပါတယ်။ ပြည်သူတွေ မှုခင်းကိစ္စတွေ လာရောက်တိုင်တန်းပါက တာဝန်ကျ ကင်းအဖွဲ့က စိစစ်ပြီး အမှုတိုင်ကြားနိုင်ရေး အတွက် ရဲစခန်းအတွင်းကို လိုက်လံပို့ဆောင်းနေတယ်လို့လည်း အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)