မောင်တောမြို့မှာ စိတ်ကြွဆေးပြား ၁၀ သိန်း သိမ်းဆည်းရမိ

0
328

ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က စက်လှေတစ်စင်းပေါ် သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၁၀ သိန်းကို ဖမ်းဆီးရမိခဲ့ပါတယ်။

drug

အဲဒီစိတ်ကြွဆေးပြားတွေကို ဒီဇင်ဘာ ၁၁ ရက် ညပိုင်းက နတ်မြစ်အတွင်းမှာ တပ်မတော်ရေယာဉ်တွေက မသင်္ကာဖွယ်ရာ စက်လှေတစ်စင်းပေါ်မှာ ဖမ်းဆီးရမိခဲ့တာပါ။

စက်လှေပေါ်မှာ လူငါးဦးလိုက်ပါလာပြီး စိတ်ကြွဆေးပြားတွေကို အထုပ်ငါးထုပ်နဲ့ထည့်ပြီး ဆာလာအိတ်နဲ့ ပတ်ထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီမတိုင်ခင် ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းကလည်း အထုပ်နှစ်ထုပ်ရေထဲပစ်ချပြီး ထွက်ပြေးတဲ့ မသင်္ကာဖွယ်ရာ လှေတစ်စင်းကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။ အဲဒီလှေပေါ်က လူတစ်စုဟာ ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ ၅ နာရီမှာ မူးယစ်ဆေးဝါး ၄.၅ သိန်းကို ဆာလာအိတ်နှစ်အိတ်နဲ့ သယ်ပြီး သဲချောင်းကျေးရွာကနေထွက်ခွာကာ ပင်လယ်ပြင်ကတစ်ဆင့် တစ်ဖက်နိုင်ငံကို ပို့ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)