အတတ်ပညာပိုင်းဆိုင်ရာတွေမှာ နိုင်ငံတကာ တပ်မတော်တွေနဲ့ ရင်ပေါင်တန်း နိုင်ရမှာ ဖြစ်တယ်လို့ ကာချုပ်ပြော

0
329

ဆေးတက္ကသိုလ် ဗိုလ်လောင်းတွေအနေနဲ့ ဆေးဘက်ဆိုင်ရာပညာ ရပ်တွေဖြစ်တဲ့ ပြုစုကုသရေး၊ ကာကွယ်ရေး အတတ်ပညာပိုင်းဆိုင်ရာတွေမှာနိုင်ငံတကာ တပ်မတော်တွေနဲ့ ရင်ပေါင်တန်းနိုင်ရမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

15439932_1416553231712494_7302822249491165988_n

ဒီဇင်ဘာလ ၁၂ ရက်နေ့က တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင် သင်တန်း အမှတ်စဉ်(၁၈)သင်တန်းဆင်းပွဲမှာ အခုလိုပြောကြားလိုက်တာပါ။
ဒါ့အပြင် နိုင်ငံတော်ကာကွယ်ရေးနဲ့ သက်ဆိုင်တဲ့စစ်လက်နက် နည်းပညာပိုင်းမှာ သာမက ကာကွယ်ရေးနဲ့ နှီးနွယ်နေတဲ့ ကဏ္ဍအသီးသီးရဲ့ နည်းပညာ ပိုင်းတွေမှာပါ စဉ်ဆက်မပြတ် ယှဉ်ပြိုင်ကြိုးပမ်းအားထုတ်နေရမှာဖြစ်တယ်။

တပ်မတော်ဆေးတက္ကသိုလ်ဟာ ကမ္ဘာ့အသိအမှတ်ပြု ဆေးတက္ကသိုလ်တွေရဲ့စာရင်းမှာ ပါဝင်ပြီးကမ္ဘာ့ဆေးပညာသင်ကြားရေး အဖွဲ့ရဲ့ လမ်းညွန်ချက် စံချိန်စံညွန်းတွေနဲ့ ကိုက်ညီအောင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)